ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမယ့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာတဲ့ ပုဂံ

08 July 2019
ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမယ့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာတဲ့ ပုဂံ

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ယူနက်စကိုက ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ဇူလိုင် ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ 

ဒီလို သတ်မှတ်ခံခဲ့ရတာကြောင့် နှစ်ပေါင်း ရာ၊ ထောင်ချီ သက်တမ်းရှိတဲ့ ပုဂံက ရှေးဟောင်း အဆောက်အအုံတွေကို ရေရှည်ထိမ်းသိန်းရေးမှာ ပိုအားကောင်းလာပါတော့မယ်။ ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ယူနက်စကိုက အကူအညီပေးတာတွေ ပိုရလာပါလိမ့်မယ်။ 

ဒါအပြင် ယူနက်စကို စာရင်းဝင်နိုင်ခဲ့တာကြောင့် ပုဂံဒေသဟာ နိုင်ငံတကာစည်းမျဉ်းတွေအရ တရားဝင်စောင့်ရှောက် ကာကွယ်မှုကိုရရှိမှာ ဖြစ်ပါတယ်။

ပုဂံဒေသကို ကမ္ဘာလှည့် ခရီးသွားတွေ ပိုစိတ်ဝင်စားလာမှာ ဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းလည်း ပို ဖွံ့ဖြိုးလာဖို့ ရှိနေပါတယ်။ 

ရုပ်သံ-AFP/Mizzima
တည်းဖြတ်-ဝင်းမော်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly