ဖမ်းဆီးခံရတဲ့ ရေနံတင်သင်္ဘောက အီးယူဆန်ရှင်ကို ချိုးဖောက်ခြင်း မရှိဟု အီရန် ငြင်း

ဖမ်းဆီးခံရတဲ့ ရေနံတင်သင်္ဘောက အီးယူဆန်ရှင်ကို ချိုးဖောက်ခြင်း မရှိဟု အီရန် ငြင်း

တီဟီရန်၊ ဇူလိုင် ၈ ။         ။ အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး ဆီးရီးယားဆီ ဦးတည််တဲ့ အီရန်ရေနံတင်သင်္ဘောကို ဂျီဘရော်တာမှာ ဗြိတိန်က ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံက တနင်္ဂနွေနေ့မှာ ခုခံငြင်းဆန်လာပါတယ်။

“အဲဒီ သင်္ဘောဟာ အီရန်ရဲ့ ရေနံတွေ တင်ဆောင်ပြီး ခုတ်မောင်းတာပါ။ ဗြိတိန်အစိုးရ စွပ်စွဲသလို ဆီးရီးယားဆီ ရေနံတင်ပို့ဖို့ သွားနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ ဦးတည်ရာက အခြားနေရာဆီကိုပါ။”လို့ တီဟီရန်မှာ ပြုလုပ််တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီက ပြောပါတယ််။

“ဆီးရီးယားက ဆိပ်ကမ်းဟာ အဲဒီ ရေနံတင်သင်္ဘောကြီးလို သင်္ဘောတွေကို ဝန်ဆောင်မှု မပေးနိုင်ဘူး။ အဲဒီ ဆိပ််ကမ်းဆီ ဝင်လို့လည်း မရပါဘူး။”လို့ ၎င်းက ပြောပါတယ်။

ပေ ၁၀၀၀ အရှည်ရှိပြီး ရေနံစည်ပေါင်း နှစ်သန်း တင်ဆောင်နိုင်တဲ့ Grace 1 အီရန်ရေနံတင််သင်္ဘောကို ပြီးခဲ့တဲ့ ကြာသပတေး အစောပိုင်းနာရီမှာ ဗြိတိန်ပိုင် ဂျီဘရော်တာက ရဲနဲ့ အကောက်ခွန်က ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောကို ဂျီဘရော်တာ တောင်ပိုင်း  ရေမိုင် နှစ်မိုင်ခွဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အီရန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကတော့ သင်္ဘေင်္ာဟာ ကြီးမားလွန်းတာကြောင့် စူးအက်တူးမြောင်းက မဖြတ်နိုင်တာမို့ ဂျီဘရော်တာရေလက်ကြားကို အသုံးပြုခဲ့ရတာလို့ ဆိုပါတယ်။

ဒါပေမယ့် ဒီ သင်္ဘောဟာ နိုင်ငံတကာရေပြင်မှာပဲ ခုတ်မောင်းခဲ့တာဖြစ်ပြီး ဗြိတိန်တော်ဝင်ရေတပ်ဟာ ခုလို သင်္ဘောကို ဖမ်းဆီးတယ်ဆိုတာဟာ ပင်လယ်ဓားပြလုပ်ရပ်မျိုးပဲလို့ ၎င်းက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly