ပြင်သစ်မှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့် ဦးခေါင်းပုံ လေမှုတ်အရုပ်ကြီး

ပြင်သစ်မှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့် ဦးခေါင်းပုံ လေမှုတ်အရုပ်ကြီး

ဇူလိုင် ၇ ။           ။ ပြင်သစ်နိုင်ငံ မတ်ဇ်မြို့က မိုဆယ်လီမြစ်ထဲမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးခေါင်းပုံ ဧရာမ လေမှုတ်အရုပ်ကြီးတစ်ရုပ်ကို တွေ့ရမှာ ဖြစ်ပါတယ်။

ရေထဲမှာ တစ်ဝက်တစ်ပျက် ပေါလောပေါ်နေတဲ့ ထရမ့် ခေါင်းပုံ လေမှုတ်ရုပ်ကြီးကိုတော့ ဇူလိုင် ၅ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ ယင်းမြစ်ထဲမှာ ထားရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကတော့ ရာသီဥတု ပြောင်းလဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ်မှာ ထားရှိတဲ့ ထရမ့်ရဲ့ သဘောထားရပ်တည်ချက်ကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ဒီ လေမှုတ်ရုပ်ကြီးကို မိုဆယ်လီ မြစ်ထဲမှာ ထားရှိတာဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly