ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ထောင်နှင့်ချီသည့် လူများက CID ရုံးရှေ့တွင် ဆန္ဒပြ 

07 July 2019
ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ထောင်နှင့်ချီသည့် လူများက CID ရုံးရှေ့တွင် ဆန္ဒပြ 

" မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်တို့ နားထောင်လိုက်တဲ့အခါမှာ DNA ရလဒ်ဟာ မခိုင်လုံဘူးလို့ တစ်ဖက်မှာလည်း ပြောသွားတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးလေးရဲ့ အကျႌ၊ ဘောင်းဘီကို ရေစိမ်လိုက် တဲ့အတွက်ပေါ့။ ဒါပေမယ့် တစ်ပြိုက်နက်ထဲမှာပဲ DNA ရဲ့ ရလဒ်ဟာ ကျောင်းအုပ်ရဲ့ ကလေးနှစ်ယောက် လုံးဝ မဟုတ်ပါဘူးလို့လည်း ပြောသွားတယ်ပေါ့" 

~ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦး

နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ ယခုမျိုးဆက်သာမက နောင်မျိုးဆက်များအတွက် လွတ်လပ်လုံခြုံစိတ်ချရသည့် လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရေး” စသည့် ရည်ရွယ်ချက်များဖြင့် ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၉ နာရီမှ စတင်ကာ ထောင်နှင့်ချီသည့် လူများက အဖြူရောင် အကျႌများ ဆင်တူဝတ်ဆင်ပြီး ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းရှိ ကျောက်တော်ကြီးဘုရား အနီး စုရပ်မှ စတင်ထွက်ခွာကာ အင်းစိန် CID ရုံးရှေ့သို့ ကြွေးကြော်သံများနှင့်အတူ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည်။

ထိုသို့ အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြသူများမှာ မည့်သည့် ပါတီ၊ အဖွဲ့အစည်းများကို ကိုယ်စားပြုခြင်း မရှိဘဲ ဆန္ဒသဘောထားတူသည့် ပြည်သူတစ်ဦးချင်းစီမှ ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင် သူများထံမှ သိရသည်။

ဆန္ဒပြပွဲကို ကိုအောင်ထိုက်မင်း၊ ကိုကြည်မင်းဟန်၊ ကိုစောချစ်သက်ထွန်းတို့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly