အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အစားအသောက်တွေဆိုရင် အနံ့အရသာနဲ့ပြည့်စုံမှစားတတ်တယ်၊ ချဉ်၊ငန်၊စပ် ဒါမှမဟုတ် ချိုတဲ့အရသာလေးကိုမှ ကြိုက်တယ်ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ်အနေနဲ့ အခါးလေးနည်းနည်းလောက်စားပါ၊ လို့ပြောပါရစေနော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်ဖို့ပြောပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ…….
အခါးစားပေးသင့်တဲ့အကြောင်းအရင်း

အခါးကိုနေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ အခါးဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါးစားပေးတဲ့အခါ

အစာခြေစနစ်ကျန်းမာမယ်

အခါးဓာတ်က အစာခြေစနစ်ထဲမှာရှိတဲ့ အဆိပ်အတော်တွေကိုဖယ်ရှားပေးပါတယ်။ အစာခြေရည်တွေဖြစ်တဲ့ တံထွေးအပါအဝင် အစာအိမ်ကအက်ဆစ်တွေဖြစ်ပေးအောင်လှုံ့ဆော်ပေးပါတယ်။ သည်းခြေရည်ကို ဖြစ်ပေါ်စေနိုင်ပြီး အသည်းက အဆီတွေချေဖျက်မှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အစာခြေရတာလွယ်ကူစေပြီး ခန္ဓာကိုယ်ကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝစုပ်ယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။

အာဟာရစုပ်ယူမှု အားကောင်းစေမယ်

အစာခြေအင်ဇိုင်းကို ပိုမိုထုတ်လုပ်နိုင်စေပြီး စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေတာကြောင့် အာဟာရချို့တဲ့တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ အိုင်အိုဒင်းစတာတွေကို ပြည့်ဝစွာရရှိအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

အစာခြေစနစ်ပြဿနာကြောင့် အူလမ်းကြောင်းယိုစိမ့်မှုမဖြစ်အောင် ကာကွယ်ပေးမယ်

ဒီဝေဒနာကို ခံစားရတဲ့အခါ အစာခြေစနစ်ထဲက အဆိပ်အတော်ကတေါ၊ ဘက်တီးရီးယားတွေ နဲ့ အစားအစအနလေးတွေက အစာခြေလမ်းကြောင်းကနေတဆင့် သွေးကြောထဲကိုရောက်ရှိသွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်အလေးချိန်တက်လာတာ၊ အရေပြား ပြဿနာခံစားရတာ၊ အစာခြေစနစ်ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာကိုဖြစ်စေနိုင်တဲ့အဓိကအကြောင်းအရင်းတစ်ခုက အာဟာရချို့တဲ့မှုပါ။ ဒီတော့ အာဟာရချို့တဲ့မှုကနေရော အစာခြေစနစ်ပြဿနာကြောင့် အူလမ်းကြောင်းယိုစိမ့်မှုကနေပါ ကာကွယ်ဖို့ဆိုရင် အလွယ်ကူဆုံးနည်းလမး်တစ်ခုရှိပါတယ်။ ဒါကတော့ အခါးနည်းနည်းလောက် စားပေးတာပါပဲ။

အစားစားချင်စိတ်တိုးစေမယ်

အခါးဓာတ်က အစာခြေစနစ်ကျန်းမာဖို့ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ အစားစားချင်စိတ်မရှိဖြစ်နေသူတွေအတွက် သဘာဝ ဓာတ်စာတစ်ခုပေါ့။ အခါးဓာတ်က အစားစားချင်စိတ်ဖြစ်စေတဲ့ ghrelin ဟော်မုန်းထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အခါးဓာတ်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက ဝမ်းဗိုက်တွင်းမှာရှိတဲ့ ကိုယ်တွင်းအ၈င်္ါတွေဆီ သွေးစီးဆင်းရောက်ရှိမှု တိုးစေနိုင်ပါတယ်။ အာရုံခံစားမှုကိုလည်းကောင်းမွန်စေနိုင်ပါသေးတယ်။ ဒါကြောင့် အစားစားချင်စိတ်နည်းနေမယ်ဆိုရင် အခါးလေးနည်းနည်းလောက်စားပေးပါ။

အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေမယ်

အစာခြေစနစ်ထဲမှာ ခန္ဓာကိုယ် ကျန်းမာဖွံ့ထွားဖို့အတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေက လိုအပ်တဲ့ အာဟာရဓာတ်ကို လုံလောက်စွာရရှိပြီး တာဝန်ကို အကောင်းဆုံးထမ်းဆောင်နိုင်မှ ခန္ဓာကိုယ်က ရောဂါကင်းပြီး နေ့စဉ်လှုပ်ရှားဖို့လိုအပ်တဲ့ အင်အားတွေပြည့်နေစေမှာပါ။ ဒါကြောင့် နေ့ရက်တိုင်းကို တက်ကြွလန်းဆန်းစွာနဲ့ ကျော်ဖြတ်နို်င်စေဖို့ အခါးလေးကို ဆေးဖြစ်ဝါးဖြစ်လောက် နည်းနည်းစားပေးပါ။
အခါးဓာတ်ရရှိနိုင်မယ့် အစားအသောက်တွေက ဘာတွေလဲ………..

နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေလည်း အခါးဓာတ်ကိုရရှိနိုင်ပါတယ်။

  •     ကြက်ဟင်းခါးသီး
  •     ကိုက်လန်
  •     ဂွေးတောက်ရွက်
  •     ကြောင်လျှာသီး
  •     ကြက်သွန်မြိတ်
  •     ခရင်မ်ဘယ်ရီ
  •     ချောကလက်
  •     ကော်ဖီ
  •     ရေနွေးကြမ်း
  •     ဆလတ်ရွက်အနီရောင်စတာတွေပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly