သြဇာသီးကြိုက်သူလေးတွေရှိလား

သြဇာသီးကြိုက်သူလေးတွေရှိလား

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ငယ်ငယ်က ကျင်းလေးတူးပြီး သြဇာစေ့တောက်ခဲ့ဖူးတယ်ဆိုရင်တော့  သေချာတာကသင်က သင်ကသြဇာသီးကြိုက်တဲ့သူဆိုတာပါ။ သြဇာသီးတွေကိုစားပြီးတိုင်း သြဇာစေ့တွေကို သေချာဗူးနဲ့ထည့်ပြီးစုခဲ့ရတာအမောနော်။ ကစားဖို့အတွက် တော်တေ်ာလေးအသုံးတည့်တဲ့ သြဇာသီးတွေကို ရဖို့ သြဇာသီးတွေကို စားခဲ့ဖူးမယ်ဆိုရင်တော့ အခုလိုအကျိုးကျေးဇူးတွေကို ခံစားနေရလောက်ပါပြီ။
သြဇာသီးကြိုက်သူလေးတွေရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ……..

အသားအရေနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်

သြဇာသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေနဲ့ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်သလို အသားအရေကိုလည်း အစိုဓာတ်ထိန်းပေးပါတယ်။

ကိုယ်အလေးချိန်တက်စေနိုင်တယ်

ဝချင်သူလေးတွေအတွက် အဆင်ပြေစေမယ့် နည်းတစ်ခုပေါ့။ သြဇာသီးကို ပျားရည်နဲ့ရောပြီး နေ့တိုင်း ပုံမှန်စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာမှာ အသေအချာပါ။ ကယ်လ်လိုရီပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန်တက်ချင်သူတွေအတွက် တကယ်အဆင်ပြေစေမှာပါ။

ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်တယ်

ကိုယ်ဝန်ဆောင်မေမေတွေ သြဇာသီးစားပေးမယ်ဆိုရင် ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ မတော်တဆ ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်မစဉ်ခံစားရတဲ့ ဝေဒနာတွေကိုလည်း လျော့ပါးသက်သာစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့နို့ချိုတိုက်ကျွေးနေရချိန်မှာ သြဇာသီးစားပေးမယ်ဆိုရင် ကလေးကျန်းမာမှာဖြစ်သလို မိခင်နို့ထွက်လည်းကောင်းစေမှာပါ။

ပန်းနာရင်ကျပ်ကာကွယ်ပေးတယ်
ဗီတာမင် B6 ကြွယ်ဝတာကြောင့် လေပြွန်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး ပန်းနာရင်ကျပ်မဖြစ်အောင်ကာကွယ်ပေးပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

သြဇာသီးမှာ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် နှလုံးကျန်းမာစေပြီး ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဗီတာမင် B6 ပါဝင်နေတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။

အစာကြေစေနိုင်တယ်

ကော့ပါးနဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာကြေစေနိုင်သလို ဝမ်းမှန်စေနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။
ဆီးချိုသမားတွေနဲ့ သင့်တော်တယ်
ဆီးချိုရှိသူတွေ အထူးသဖြင့် အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဆီးချိုမရှိသူတွေစားသုံးပေးမယ်ဆိုရင် ဆီးချိုကာကွယ်ရာရောက်ပါတယ်။
သွေးပေါင်ကျစေနိုင်တယ်
ပပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေအတွက်လည်း စားသုံးသင့်တြ့ ဓာတ်စာတစ်ခုပေါ့။
သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်

သြဇာသီးမှာ နီကာဆင်နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတကြောင့် သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်။

သွေးအားနည်းရောဂါကို သက်သာစေနိုင်တယ်

သြဇာသီးက အအေးဓာတ်ရှိသလို သံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးအားနည်းရောဂါကို ကုသဖို့အတွက်ရော ကာကွယ်ဖို့အတွက်ပါ စားသုံးပေးသင့်ပါတယ်။

ကဲ.. အခုလေက်ဆိုရင် သြဇာသီးလေးက စားကောင်းရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာဖို့အတွက်လည်း အထောက်အကူပြုပေးတယ်ဆိုတာကို သိလောက်မယ်ထင်ပါတယ်။ ဒါကြောင့် အရသာရှိတဲ့ သြဇာသီးလေးစားရင်း ကျန်းမာရေး အကျိုးကျေးဇူးလေးတွေရယူလိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly