ဆရာမ နှင်းနုကို ကျွန်တော်တို့ မေးပါတယ်

07 July 2019
ဆရာမ နှင်းနုကို ကျွန်တော်တို့ မေးပါတယ်

“မပြောတာကို ပြောအောင်လုပ်လို့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့မှာ အင်မတန်ခက်ပါတယ်။ ကျွန်တော်တို့မှာ သက်မဲ့အထောက်အထားတွေရှိတယ်။ အဲ့တော့ ကလေး ကပြောထားတဲ့ အချက်သည် ကိုကို၊ ကိုကိုလို့ ပြောတယ်။ ဒီကလေးက ကိုကို၊ ကိုကိုလို့ ဘာလို့ခေါ်သလဲ၊ ကျွန်တော်တို့က ဒီကလေးရဲ့ သဘောသဘာဝကိုလည်း သူ့အတန်းထဲမှာ ရွယ်တူတွေအားလုံးကို Friend လို့ပဲ ခေါ်တယ်။ သူက သူ့အဖေအရွယ်တွေလောက်ကိုပဲ ကိုကိုလို့ ခေါ်ပါတယ်။ ဒါတွေကလည်း သူ့ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။ ဆရာမနှင်းနုကတော့ သူ့အပိုင်းကတော့ ဒါသူလည်း သူ့မှာ ဖြေချင်မှ ဖြေမှာပေါ့ဗျာ။ ဒါတော့ သူ့အပိုင်းပါ။ ကျွန်တော်တို့ကတော့ မေးစရာရှိတာမေးထားပါတယ်” ~ ဒုရဲချုပ်အောင်နိုင်သူ

Wisdon Hill မူကြိုကျောင်းမှ အသက် သုံးနှစ်အရွယ် မိန်းကလေးငယ် လွိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျောင်းမှ မူကြိုဆရာမ နှင်းနုနှင့် ပတ်သက်သည့် မေးခွန်းကို ဒုတိယရဲချုပ် အောင်နိုင်သူက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး/တည်းဖြတ်- အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly