ဘီကီနီဝတ် စားပွဲထိုးတာကို ၀ါရှင်တန်ပြည်နယ်မှာ ဆက်လက်တားမြစ်မည်

ဘီကီနီဝတ် စားပွဲထိုးတာကို ၀ါရှင်တန်ပြည်နယ်မှာ ဆက်လက်တားမြစ်မည်

United States Court of Appeals for the Ninth Circuit ရဲ့ ဆုံးဖြတ်ချက်အရ ဘီကီနီဝတ် စားပွဲထိုးတာကို ၀ါရှင်တန်ပြည်နယ်မှာ ဆက်လက်တားမြစ်ပိတ်ပင်မှာ ဖြစ်ကြောင်း သိရပါတယ်။

အခု ဆုံးဖြတ်ချက်ဟာ ခရိုင်တရားသူကြီးရဲ့ ယခင်က အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဘီကီနီ စားပွဲထိုးခွင့် ရှိကြောင်း စီရင်ချက်ချထားတာကို ပယ်ချလို်က်တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

ဘီကီနီဝတ် စားပွဲထိုးတာတွေကြောင့် လာရောက်အားပေးတဲ့ စားသုံးသူ ဖောက်သည်တွေမှာ လူမြင်ကွင်းရှေ့ တစ်ကိုယ်ရည်အာသာဖြေတာ အပါအဝင် မသင့်တော်တဲ့ အပြုအမှုတွေ လုပ်ဆောင်ကြကြောင််း တိုင်ကြားစာပေါင်း ၄၀ ကျော်ထက်မနည်း ရရှိအပြီးမှာ အန္တရာယ်များပြီး ဥပဒေမဲ့အပြုအမူတွေအတွက် ခုလို တားမြစ်ပိတ်ပင်ရတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တစ်ချို့ စားသောက်ဆိုင်၊ ဘားဆိုင်တွေမှာဆိုရင် ဘီကီနီပင် မဝတ်တော့ဘဲ ကိုယ််တုံးလုံးစားပွဲထိုးတာတွေကိုတောင် တွေ့ရှိရတယ်လို့ အီဗရတ်ရဲဌာနက ပြောပါတယ်။

ဒါပေမယ့် တစ်ချို့သော  စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေကတော့ ဘီကီနီဝတ် စားပွဲထိုးတာဟာ လိင်အသားပေးဖို့ မဟုတ်ကြောင်း ငြင်းဆန်နေကြပါတယ်။

“ဘီကီနီဆိုတာ လိင်ဖော်ပြချက် မဟုတ်ဘူး။ အလုပ်လုပ်နိုင်စွမ်းအတွက် ဖြစ်တယ်။ ဒီလို ဝတ်ဆင်စေပြီး အလုပ်လုပ်ရတာ ပိုမိုသက်သောင့်သက်သာ ရှိစေတယ်။”လို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly