ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံဖြစ်သူ ယာဉ်မောင်းကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးတရားစွဲတင်လိုက်ပြီဖြစ် သော်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် မူလအစီအစဉ်အတိုင်း ပြောင်းလဲမှုမရှိ ရန်ကုန်မြို့၊ အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ကိုစောချစ်သက်ထွန်းက မဇ္စျိမသို့ အတည်ပြုပြောသည်။
နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ နောက်မျိုးဆက်များအတွက် လွတ်လပ်လုံခြုံစိတ်ချရ သည့် လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရေး” စသည့် ရည်ရွယ်ချက်များဖြင့် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီတွင် အင်းစိန်၊ မင်းဓမ္မကုန်းရှိ ကျောက်တော်ကြီးဘုရားတွင် လူစုပြီး ယင်းစုရပ်မှ စတင်ထွက်ခွာကာ အင်းစိန် CID ရုံးရှေ့ထိ လမ်းလျှောက်ချီတက်ဆန္ဒပြမည်ဖြစ်ကြောင်းသိရသည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
သတင်းအအပြည့်အစုံ - http://www.mizzimaburmese.com/article/58545