သာသနာကို ဖိနှိပ်နေဟုဆိုကာ အစိုးရကို ကန့်ကွက်ဆန္ဒပြ

06 July 2019
သာသနာကို ဖိနှိပ်နေဟုဆိုကာ အစိုးရကို ကန့်ကွက်ဆန္ဒပြ

" ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာဆိုင်လို့လဲတဲ့။ ဘုန်းကြီးနဲ့ အမျိုးသားရေးနဲ့ ဘာဆိုင်လို့လဲတဲ့။ ဘုန်းကြီးနဲ့ ကျွန်မတို့ နိုင်ငံဖွံ႔ဖြိုးတိုးတက်ရေးနဲ့ ဘာဆိုင်လို့လဲတဲ့။ သူတို့ ပြောနေတယ်။ အဲ့ဒီတော့ သူတို့ကို ကျွန်မပြန်မေးချင်တယ်"

 ~အမျိုးသားရေးဆောင်ရွက်သူ ဒေါ်မြင့်မြင့်မော်

"တိုင်းပြည်နှင့် အမျိုးဘာသာသာသနာကို ဖိနှိပ်ချုပ်ချယ်ဖျက်ဆီးနေမှုများ ဆန့်ကျင်ရှုတ်ချပွဲ"ဟု အမည်ပေးထား သည့် ဆန္ဒပြပွဲတစ်ရပ်ကို ဇူလိုင်လ ၅ ရက်နေ့၊ ညနေ ၃ နာရီ၊  ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ ယာဉ်ရပ်နားကွင်းတွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲသို့ အမျိုးသားရေး သမားဟု ဆိုသူများနှင့် သံဃာတော်များ လာရောက်ခဲ့ကြပြီး ကြွေးကြော်သံများ၊ အလံများ၊ "အမျိုး ဘာသာ သာသနာ ဖျက်ဆီးမှုများ အလိုမရှိ "စသည့်ဖြင့် ရေးသားထားသော  စာရွက်များကိုင်ဆောင်ကာ လာရောက်ခဲ့ကြခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly