အဖြစ်များတဲ့ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက် (၇) ချက်

အဖြစ်များတဲ့ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက် (၇) ချက်

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

မိုးရာသီ ရောက်ပြီဆိုတာနဲ့ တုပ်ကွေးတို့ ခေါင်းထောင်လာပါပြီ။ သိတယ်မလား ခဏနေ ချောင်းဆိုး နှာစေးလိုက်၊ တော်ကြာ၊ ဖျားလိုက်နဲ့ လူကြီးလူငယ်မရွေး တုပ်ကွေးမိတတ်ကြပါတယ်။ ရာသီဥတုကလည်းအေး နေကလည်း မထွက် စိုထိုင်းဆကလည်း များတော့ တုပ်ကွေးပိုးတို့ အကြိုက်ပေါ့။ ဒီတော့ ခု မိုးတွင်းလည်းရောက်နေပြီ အိမ်မှာ တုပ်ကွေးတစ်ယောက်ဖြစ်ပြီဆို တစ်အိမ်လုံးကို ကူးစက်နိုင်တယ်ဆိုတတော့ ဘယ်လိုတွေ ကာကွယ်ကြမလဲ ။
ပထမဆုံးအနေနဲ့ တုပ်ကွေး ရောဂါလက္ခဏာကို အရင်ဆုံး သိထားဖို့လိုပါတယ်။

တုပ်ကွေးရောဂါအများစုက “upper respiratory tract “လို့ခေါ်တဲ့ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ် ပိုးမွှားတွေ ဝင်ရောက်ခြင်းမှတဆင့် ဖြစ်တဲ့ ပြဿနာပါ။ သူ့ရဲ့ လက္ခဏာတွေကတော့

  •     ကိုယ်ပူခြင်း
  •     ချောင်းဆိုးခြင်း
  •     လည်ချောင်းနာခြင်း
  •     နှာရည်ယို နှာပိတ်ခြင်း
  •     ကိုယ်လက်ကိုက်ခဲခြင်းနှင့်
  •     ချမ်းတုန်ခြင်း တို့ပဲ ဖြစ်ပါတယ်။

အိမ်မှာတစ်ယောက်လောက်များ တုပ်ကွေး ဖြစ်ၿပီဆိုတာနဲ့ ကျန်တဲ့ အိမ်သားတွေပါ ဖြစ်နိုင်ဖို့ အလားအလာများတာကြောင့်မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။ ကာကွယ်တဲ့နေရာမှာ ဘေးထွက်ဆိုးကျိုးလည်းမရှိ၊ လုပ်ရတာလည်း လွယ်တဲ့ သဘာဝနည်း (၇) ခုကို  ပြောပြပေးချင်ပါတယ်။
( ၁ ) ဂျင်းပြုတ်ရည်

ဂျင်းပြုတ်ရည်ပူပူလေးက ကိုယ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ အပြင်ခုခံအားစနစ်ကိုလည်း  အားကောင်းစေတာကြောင့် မိုးတွင်းမှာ ကော်ဖီအစား ဂျင်းပြုတ်ရည်လေးကို သာသောက်ပေးသင့်ပါတယ်။
( ၂ ) ရေများများသောက်ပေးပါ။

ရေများများသောက်တဲ့အခါ လည်ချောင်းခြောက်တာလည်း သက်သာသွားသလို လည်ချောင်းထဲမှာရှိတဲ့ ပိုးမွှားတွေလည်း ရေနဲ့အတူပါသွားတာကြောင့် ပိုးမွှားရှင်းပြီးသားဖြစ်မှာပါ။
( ၃ ) အရက်ရှောင်ပါ။ သကြားလျှော့စားပါ။

အရက်တို့ ဆေးလိပ်တို့နဲ သကြားဓာတ်တို့ဟာ ကိုယ်တွင်းခုခံအားစနစ်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့် တုပ်ကွေးရောဂါ ကာကွယ်လိုလျှင် အရက်တို့ သကြားတို့ကို လျှော့စားသင့်ပါတယ်။
( ၄ ) စိတ်ဖိစီးမှု မရှိအောင်နေပါ။

လူကို စိတ်ကဆောင်တယ် ဆိုတဲ့ စကားလေးကြားဖူးတယ်မလား။ ဒီတော့ စိတ်ဖိစီးမှုများနေတဲ့အခါ ကိုယ်တွင်းခုခံအားစနစ် ယိုယွင်းသွားပြီး တုပ်ကွေးမိလွယ်တတ်ပါတယ်။ ဒါ့ကြောင့် ဖိစီးနေတဲ့စိတ်ကို တရားထိုင်၊ လေကျင့်ခန်းလုပ် ယောဂလုပ်၊ သီချင်းနားထောင်ပြီး ဖြေလျှော့သင့်ပါတယ်။
( ၅ ) အိပ်ရေးဝဝအိပ်ပါ။

အရွယ်ရောက်ပြီးသော   လူတစ်ယောက်တွင်    အိပ်ချိန် ရနာရီ-၉နာရီ      အတွင်းရှိသင့်ပါတယ်။။ အိပ်စက်အနားယူခြင်းဟာ            တနေ့တာပင်ပန်းနေမှုအား ပြန်လည်လန်းဆန်းစေသလို ကိုယ်ခံအားစနစ်ကိုလည်း မြင့်တက်စေပါတယ်။  အိပ်ရေးပျက်တာများလာရင်     တုပ်ကွေးရောဂါ အလွယ်တကူဝင်ရောက်နိုင်ပါတယ်
( ၆ ) .အသီးအနှံများ၊ အစားအသောက်များ ။

အသီးအနှံများများစားသုံးခြင်းက   ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေကို ရရှိစေနိုင်တာကြောင့် ခုခံအားစနစ်ကို  တိုးတက်ကောင်းမွန်စေပါသည်။

  •     ဗီတာမင်စီ (ချဉ်သောအသီးအနှံများ၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ သင်္ဘောသီး)
  •     ဗီတာမင်ဒီ (ရနာရီ-၁ဝနာရီ အတွင်းနေရောင်ခံခြင်း၊ ကြက်ဥ ၊ နို့ထွက်ပစ္စည်းများ)
  •     ဇင့် (zinc)ဓာတ်ကြွယ်ဝသော (ထောပတ်သီး ၊ ဘယ်ရီသီးများ) စားသုံးပေးပါ။

ခုခံအားစနစ်အားတိုးမြှင့်ပြီး  တုပ်ကွေးရောဂါအား   ကြိုတင်ကာကွယ်နိုင်ပါလိမ့်မ်ယ။
( ၇ ) ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။

ကိုယ်လက်လှုပ်ရှားမှု မရှိလျှင် သွေးလေး၍ လေးလံထိုင်းမှိုင်းပြီး တုပ်ကွေးမိနိုင်ချေများတတ်ပါတယ်။ ဒါ့ကြောင့် ချွေးထွက်ပြီး အပူများထွက်စေဖို့ မိုးအေးအေးလေးဆိုပြီး    အပျင်းကြီးကွေးမနေဘဲ လေ့ကျင့်ခန်းလေး တွေ လုပ်ပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly