အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားမှာ ဒေါ်နယ်ထရမ့်က စစ်တပ်ကို ချီးကျူးစကားဆို

အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားမှာ ဒေါ်နယ်ထရမ့်က စစ်တပ်ကို ချီးကျူးစကားဆို

ဇူလိုင် ၅ ။        ။ အမေရိကန် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇူလိုင်လ ၄ ရက်က ၀ါရှင်တန်ဒီစီမှာ ကျင်းပခဲ့ရာ သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနား မိန့်ခွန်းထဲမှာတော့ သမ္မတ ထရမ့်က အမေရိကန်စစ်တပ်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အရေးပါတဲ့ အခမ်းအနားတစ်ခုဖြစ်တဲ့  ဒီ လွတ်လပ်ရေးအခမ်းအနားမှာတော့ စစ်ရေးချီတက်မှု၊ စစ်လေယာဉ်တွေ ပျံသန်းမှု၊ မီးရှုးမီးပန်းပစ်ဖောက်မှုတွေနဲ့ ကျင်းပခဲ့ရာ မိုးရာသီဖြစ်နေသော်ငြား ဧည့်ပရိသတ်အများအပြား တက်ရောက်ခဲ့ကြပါတယ်။

၀ါရှင်တန်ဒီစီက လင်းကွန်းအထိမ်းအမှတ် အဆောက်အအုံနေရာမှာ ကျင်းပတဲ့ ယင်းအခမ်းအနားမှာ သမ္မတ ထရမ့် မိန့်ခွန်းပြောခဲ့သလို ပရိသတ်အများအပြားလည်း တက်ရောက်လာခဲ့ပါတယ်။

အတိုက်အခံဘက်တွေက သမ္မတ ထရမ့်ဟာ မလိုအပ်ဘဲ ပိုက်ဆံတွေ ဖြုန်းနေကြောင်း၊ ၎င်းရဲ့ နောက်သက်တမ်း ရွေးကောက်ပွဲမတိုင်ခင် ဒီ အခမ်းအနားကို  နိုင်ငံရေးအကျိုးအမြတ်ရဖို့ အသုံးချနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly