စပိန်မှာ ကျင်းပတဲ့ ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲ

စပိန်မှာ ကျင်းပတဲ့ ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲ

ဇူလိုင် ၅ ။         ။ စပိန်နိုင်ငံ မြို့တော် မက်ဒရစ်မှာ ဇူလိုင် ၄ ရက်က ဒေါက်မြင့်ဖိနပ်တွေ၊ မိန်းမစီးခုံမြင့် ဖိနပ်တွေ စီးထားသူတွေ ပါဝင်တဲ့ အပြေးပြိုင်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

မက်ဒရစ်မြို့က Gay Pride ပွဲတော်အတွင်း ဒီ ဒေါက်မြင့်ဖိနပ်စီး ပြေးပွဲတစ်ရပ်ကို ကျင်းပတာဖြစ်ပါတယ်။

လိင်တူချစ်သူတွေ၊ လိင်ပြောင်းလဲထားသူတို့ အသိုက်အဝန်းအတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီ ဒေါက်မြင့်ဖိနပ်စီး ပြေးပွဲမှာတော့ အမျိုးသားအများစု ပါဝင်ယှဉ်ပြိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ အနည်းဆုံး ၁၀ စင်တီမီတာ အမြင့်ရှိ ဒေါက်မြင့်ဖိနပ်တွေ စီးပြီး ပါဝင်ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly