တစ်နှစ်တာ အကောင်းဆုံး နိုင်ငံတကာတိုက်ခိုက်ရေးသမားဆု ရရှိခဲ့တဲ့ အောင်လအန်ဆန်

တစ်နှစ်တာ အကောင်းဆုံး နိုင်ငံတကာတိုက်ခိုက်ရေးသမားဆု ရရှိခဲ့တဲ့ အောင်လအန်ဆန်
ဓာတ်ပုံ - အောင်လအန်ဆန်

ဇူလိုင် ၄ ။         ။ World MMA 2019’s International Fighter of the year ဆုကို အောင်လအန်ဆန်က ရရှိခဲ့ပြီး ဒီ ဆုရအောင် Vote ပေးခဲ့ကြတဲ့ မြန်မာပြည်က ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ သူက ပြောပါတယ်။

“ တစ်နှစ်တာအတွက် အကောင်းဆုံး နိုင်ငံတကာ တိုက်ခိုက်ရေးသမားဆုအတွက် ကောင်းချီးပေးခံရပါတယ်။ ကျွန်တော့်အနေနဲ့ မိသားစု၊ ကျွန်တော့ဇနီးနဲ့ အားပေးသူတွေကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့ရဲ့ ထရိန်နာ Henri၊ Greg၊ Kami နဲ့ Dr. Peacock တို့နဲ့ ကျွန်တော့ရဲ့အဖွဲ့ HardKnock 365 ကိုလည်း ကျွန်တော့စွမ်းရည်တွေကို တွန်းအားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ချစ်တဲ့ ဒီနယ်ပယ်ကိုရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ One Championship ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ အနည်းဆုံးမဟုတ်တဲ့ မြန်မာပြည်က သန်း ၆၀ သော ပရိသတ်တွေကိုလည်း ဒီဟာတကယ်ဖြစ်လာအောင် Vote ပေးခဲ့ကြလို့ပါပဲ။ ကျွန်တော်က မြန်မာပြည်က ရွာလေးတစ်ရွာကနေ US ကို လာခဲ့ပြီး MMA ကို ၂၀၀၅ ခုနှစ်က ကစားခဲ့ပြီး ၁၄ နှစ်အကြာမှာတော့ ဒီနေရာ၊ ဒီညမှာ ပရိသတ်တွေရှေ့ ရပ်နေရင်း အိပ်မက်တွေတကယ်ဖြစ်လာတာပါပဲ။ ကျေးဇူးတင်ပါတယ်” လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အမေရိကန်နိုင်ငံ၊ လားဗီးဂတ်စ်မြို့မှာ ပြုလုပ်တဲ့ World MMA Awards ဆုမှာ ဆန်ခါတင်စာရင်းဝင် Khabib Nurmagovmedov၊ Dustin Poirier ၊ Gegard Mousasi ၊ Daniel Cormier တို့ကို ကျော်ဖြတ်ကာ အောင်လအန်ဆန်က ရရှိခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly