မြောက်ကိုရီးယား၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သြစတြေးလျကျောင်းသား ဘေးမသီရန်မခ ပြန်လွတ်လာ

မြောက်ကိုရီးယား၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သြစတြေးလျကျောင်းသား ဘေးမသီရန်မခ ပြန်လွတ်လာ

ဇူလိုင် ၄ ။         ။ ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်ဆိုတဲ့ သြစတြေးလျ ကျောင်းသား အလက်ခ် ဆစ်ဂ်လေးဟာ ယခုအခါ ပြန်လွတ်လာခဲ့ပြီး ဘေးမသီရန်မခဘဲ ရှိနေကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့တ် မော်ရစ်ဆင်က ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ် သြစတြေးလျကျောင်းသား အလက်ခ်ကို ဇူလိုင် ၄ ရက်က ပေကျင်းလေဆိပ်မှာ တွေ့မြင်ခဲ့ရပြီး ခုလို လွတ်မြောက်လာပြီးနောက်ပိုင်း အခြေအနေ ပုံမှန်အတိုင်း ကောင်းမွန်ကြောင်းပြောသွားခဲ့တယ်လို့လည်း သိရပါတယ်။

ကျောင်းသား အလက်ခ်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နောက်ပိုင်း မြောက်ကိုရီးယားမှာ ပျောက်ဆုံးသွားခဲ့ပြီး ၎င်းရဲ့ ကံကြမ္မာအတွက် စိုးရိမ်ပူပန်မှုတွေ တိုးမြှင့်ဖြစ်ပေါ်စေခဲ့ပြီးနောက် ယခုအခါ ပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြုံယမ်းမှာ ရှိတဲ့ ဆွီဒင်သံရုံးက တာဝန်ရှိသူတွေနဲ့ မြောက်ကိုရီးယားအစိုးရအကြား တွေ့ဆုံဆွေးနွေးပြီးနောက် ယခုလို လွတ်လာတာဖြစ်ကြောင်းလည်း သိရပါတယ်။

သြစတြေးလျကတော့ မြောက်ကိုရီးယားမှာ သံရုံးဖွင့််လှစ်ထားခြင်းမရှိတဲ့အတွက် ဆွီဒင်သံရုံးကနေတဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ မာစတာဘွဲ့တက်နေပြီး ခရီးသွားလုပ်ငန်းတစ်ခုပါ လုပ်ကိုင်နေခဲ့တဲ့ ကျောင်းသား အလက်ခ်  ဘာကြောင့် အဖမ်းခံခဲ့ရတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly