ပုသိမ်မြို့တွင် ကလေးသူငယ်ဆိုင်ရာဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒပြ

ပုသိမ်မြို့တွင် ကလေးသူငယ်ဆိုင်ရာဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒပြ

ပုသိမ်၊ ဇူလိုင် ၄ ။       ။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကလေးသူငယ်ဆိုင်ရာဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒ ထုတ်ဖော် ခြင်းကို ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

“တိုင်းပြည်နဲ့လူမျိုးရယ်အနာဂတ်မပျောက်ဆုံးရေးအတွက် လူငယ်တွေဦးဆောင်လုပ်တဲ့ပွဲပါ။ ဘယ်အဖွဲ ့ အစည်းမှဦးဆောင်လုပ်တာမဟုတ်ဘူး”ဟု ဆန္ဒဖော်ထုတ်ပွဲ၌ ဟောပြောခဲ့သော ဦးသန်းဝင်းက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊အမျိုးဘာသာသာသနာ တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား ဆန့်ကျင်သည့် ဥပဒေအား အလိုမရှိ ၊ နိုင်ငံသား မဟုတ်သူများ လွှမ်းမိုးမှုအကြံ ဒို့လက်မခံ စသည့်ကြွေးကြော်သံများဖြင့် ပုသိမ်မြို့တွင်း လှည်လည် ဆန္ဒဖော်ထုတ်ခဲ့သည်။

“ဒီနေ့ပွဲကတော့ အမျိုးသားရေးအဖွဲ ့တွေက ငြိမ်စုတင်တာတွေကော ဒီပွဲလုပ်တာတွေကော အစအဆုံး လုပ်ပါ တယ်။ ဒီဥပဒေအပေါ်မှာဒေသခံပြည်သူတွေထဲမှာလည်း မရှင်းမရှင်းရှိတာလေးလည်း ရှိတယ်။ မကျေလည်တာ လည်း ရှိတယ်။ ကန့်ကွက်ဆန္ဒပြချင်တာလည်းရှိတယ်။ ကျွန်တော်တို ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီက လူတွေကလည်း ဒေသခံတွေဖြစ်တဲ့အနေနဲ ့ သူတို့လည်း ပါဝင်လာတာ ဖြစ်တယ်။ တစ်ချက်တော့ ပြောချင်တာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကဦးဆောင်တာ မဟုတ်ဘူးလို့ကျွန်တော်အနေနဲ ့ တင်ပြချင်ပါတယ်” ဟု ဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းအတွင်းရေးမှူးဦးဝင်းကိုကိုက ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိပုသိမ်၊ ဟင်္သာတ၊ ညောင်တုန်း၊ သာပေါင်း အစရှိသော မြို့နယ်များမှ ပြည်သူများက ပူးပေါင်းပါဝင်ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly