ONE:Enter The Dragon ပြိုင်ပွဲ၏ အကောင်းဆုံးပွဲသိမ်းချုပ်ကွက် (၄) ပွဲ

ONE:Enter The Dragon ပြိုင်ပွဲ၏ အကောင်းဆုံးပွဲသိမ်းချုပ်ကွက် (၄) ပွဲ

စင်ကာပူနိုင်ငံတွင် မေလ၁၇ရက်၌ကျင်းပပြုလုပ်ခဲ့သည့်ONE:EnterTheDragonပြိုင်ပွဲတွင်တွဲဆိုင်း၁၆ဆိုင်းပါဝင်ခဲ့ပြီးပရိသတ်ကိုစိတ်လှုပ်ရှားစေသည့်ပွဲပေါင်းများစွာပါဝင်ခဲ့သည်။ကိုယ်ခံပညာသိုင်းပေါင်းစုံတွဲဆိုင်းများတွင် ပွဲသိမ်းချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည့် ပွဲများရှိခဲ့သည့်အပြင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည့် ပွဲများလည်းရှိခဲ့သည်။ အနိုင်အရှုံးအတွက် အရေးကြီးလှသည့် WORLDGRAND PRIX ပြိုင်ပွဲများသည်လည်း အကြိတ်အနယ်ရှိပြီး ရသအပြည့်အဝပေးနိုင်ခဲ့သည်။

အထူးသဖြင့်ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် ကစားသမားအများစုသည် ပရိသတ်အကြိုက်တွေ့စေမည့် နပမ်းတိုက်ကွက်များဖြင့် ပွဲသိမ်းချုပ်ကွက်များကို အများဆုံး အသုံးပြုသွားခဲ့သည်။ ထို့ကြောင့် ONE: Enter The Dragon ပြိုင်ပွဲကြီးတွင် အကောင်းဆုံး ပွဲသိမ်းချုပ်ကွက်များဖြင့်အနိုင်ရရှိခဲ့သည့် ပွဲများကို ဖော်ပြလိုက်ရပါသည်။

၄။ကြောက်မန့်ဖွယ်ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့သူ Rahul Raju

အသက်၂၈ နှစ်အရွယ်ရှိ Juggernaut Fight Club အသင်း ကစားသမား Rahul "The Kerala Krusher" Raju သည် ဖိလစ်ပိုင် ကစားသမားRichar “Notorious” Cominal ကို ONE လိုက်ဝိတ်တန်းတွင် ပထမအချီ၌ပင်
 အနိုင်ယူနိုင်ခဲ့သည်။ Raju သည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲကိုအသာစီးယူထားနိုင်ခဲ့သည်။ Cominal က တန်ပြန်တိုက်စစ်ဖြင့် အကောင်းဆုံး ကစားသွားခဲ့ပြီး Raju ၏ တည်ခြေ ဟန်ချက်ပျက်သွားချိန်ကို အခွင့်ကောင်းယူ၍ အပိုင်ချုပ်ရန် ကြိုးစားခဲ့သည်။

သို့သော်၎င်းချုပ်ကွက်ကပင် Cominal အတွက် ကံဆိုးမိုးမှောင်ကျခဲ့ရခြင်းဖြစ်သည်။ Rajuသည်လျော့ရဲလှသည့်Comina၏ချုပ်ကွက်ကိုဖြေထုတ်လွတ်မြောက်နိုင်ခဲ့ပြီးတန်ပြန်ချုပ်ကွက်ဖြင့်အပေါ်စီးမှလက်သီးမိုးရွာခဲ့သည်။ ထို့နောက် ၎င်းသည် ကြောက်မန့်ဖွယ်ကောင်းသော ကျောဖက်မှနေ၍ Cominal လည်ပင်းညှစ်ချုပ်ကွက်Rear naked choke ဖြင့် ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Rajuသည် ONEChampionship ပြိုင်ပွဲတွင် ၄ပွဲ ဝင်ရောက်ယှဉ်ပြိုင်ထားပြီးယခုအနိုင်ပွဲသည် ၎င်းအတွက် ONE ၏ ပထမဆုံးနိုင်ပွဲဖြစ်သည်။

၃။ ပြင်းထန်သည့် ချုပ်ကွက် တိုက်စစ်များဖြင့် ပွဲသိမ်းခဲ့သူ Iurie Lapicus

မော်ဒိုဗာနိုင်ငံသားIurie Lapicus သည် ၎င်း၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ သက်တမ်းတစ်လျှောက် ရှုံးပွဲလုံးဝမရှိသေးသည့် ကစားသမားဖြစ်သည်။ ONE: Enter The Dragon ပြိုင်ပွဲကြီး၏ လိုက်ဝိတ်တန်းပြိုင်ပွဲတွင် နာမည်ကြီး ထိုင်းကစားသမားShannon “Oneshin” Wiratchai နှင့် ယှဉ်ပြိုင်ခဲ့ရသည်။ ယခုပွဲတွင်လည်း ၎င်း၏ စံချိန်ကို ဆက်လက်ထိန်းထားနိိုင်ရန်အတွက် ပြိုင်ဘက် ထိုင်းနိုင်ငံသား Shannon Wiratchai ကို မြေပြင်ချုပ်ကွက်များဖြင့် အကောင်းဆုံးယှဉ်ပြိုင်ခဲ့သည်။

Wiratchaiသည် ONE Championship နှင့်အတူ ပွဲပေါင်းမြောက်များစွာ ယှဉ်ပြိုင်ခဲ့ဖူးသည့် အတွေ့အကြုံရှိ ကစားသမားပီပီ Lapicus ၏ မြေပြင်ချုပ်ကွက်များကို အကြိမ်ကြိမ် ရုန်းထွက်နိုင်ခဲ့သည်။ ဒုတိယအချီ ပွဲချိန်အတော်များများကို Lapicus က ဦးဆောင်ထားနိုင်ခဲ့ပြီး မြေပြင်ချုပ်ကွက်များဖြင့်စိုးမိုးထားနိုင်ခဲ့သော်လည်း ပါးနပ်လှသည့် Wiratchai က အကြိမ်ကြိမ် ပြန်လည် ရုန်းထွက်နိုင်ခဲ့သည်။

တတိယအချီတွင်Lapicus သည် Wiratchai ကို မြေပြင်ချုပ်ကွက်ဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးပမ်းခဲ့ပြီး ၎င်း၏အပေါ်တွင်ခွလျက် လျင်မြန်သည့် လက်သီးတွဲလုံးများဖြင့် တိုက်စစ်ဆင်ခဲ့ပြီး ပွဲသိမ်းချုပ်ကွက်ဖြင့် အပိုင်ချုပ်ကာ အနိုင်ရရှိခဲ့သည်။

IurieLapicus သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲတွင် ယခုပွဲအပါအဝင် ၁၃ ပွဲတိတိ နိုင်ပွဲဆက်စံချိန်တင်ထားနိုင်ခဲ့ပြီး ရှုံးပွဲမရှိသေးပေ။ ယခုပွဲသည် ၎င်းအတွက် ONE Championship ၏ ပွဲဦးထွက်ပွဲလည်းဖြစ်သည်။

၂။ ကျွမ်းကျင်သေသပ်လှသည့် ဂျူဂျစ်ဆု ဘုရင်မ Mei Yamaguchi

ONEအက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Angela Lee ကို စိန်ခေါ်နိုင်မည့်သူဟုနာမည်ကြီးနေသည့် Mei“V.V” Yamaguchi သည် ယခုပွဲစဉ်တွင် ၎င်း၏ အကောင်းဆုံးပွဲသိမ်းချုပ်ကွက်များကို ထုတ်ပြခဲ့သည်။ ONE: Enter The Dragon ပြိုင်ပွဲ၏ အမျိုးသမီး အပ်တမ်ဝိတ်တန်းတွဲဆိုင်းတွင် ဂျပန် အားကစားသမား Yamaguchi နှင့် အာဂျင်တီးနား အားကစားသမားLaura“La Gladiadora” Balin တို့ ယှဉ်ပြိုင်ခဲ့ကြသည်။Laura Balin သည် ပွဲမတိုင်မီ ၁၀ ရက်ခန့်အလိုတွင် ဒဏ်ရာကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်သွားရသည့် တရုတ်ကစားသမားMeng Bo အစား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲစတင်ကတည်းကနှစ်ဦးစလုံးက တိုက်စစ်ဖွင့်ကစားခဲ့ပြီး မြေပြင်ချုပ်ကွက်များဖြင့် အသာစီးယူနိုင်ရန် ကြိုးစားခဲ့ကြသည်။ Mei Yamaguchi ၏ ထုံးစံအတိုင်း ကျွမ်းကျင်သေသပ်လှသည့် ဘရာဇီး ဂျူဂျစ်ဆု ချုပ်ကွက်များဖြင့် ပြိုင်ဘက် အာဂျင်တီးနား အားကစားသမား Laura Balin ကို တိုက်ခိုက်ခဲ့သည်။ပထမအချီ ၃မိနစ် ၄၆ စက္ကန့်တွင် အပိုင်ချုပ်ကွက်ရရန် ပူးကပ်လုံးထွေးနေချိန်၌ Yamaguchi က သေသပ်လှပစွာ Balin ၏ ညာဘက်လက်ကိုချုပ်၍ လှန်ချိုးသော တိုက်ကွက်ဖြင့် ပွဲသိမ်းနိုင်ခဲ့သည်။

Yamaguchiသည် ပြီးခဲ့သည် ONE:A New Era ပြိုင်ပွဲတွင်လည်း ရုရှား အားကစားသမားKseniyaLachkova ကို ယခုကဲ့သို့ပင် ပုံစံတူ ပွဲသိမ်းချုပ်ကွက်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သောကြောင့် Yamaguchi သည် ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Angela Lee ကို စိန်ခေါ်နိုင်ရန် ပိုမိုနီးစပ်သွားပြီဖြစ်သည်။

၁။ပွဲသိမ်းချုပ်ကွက်ဖြင့် အမြန်ဆုံးပွဲသိမ်းနိုင်ခဲ့သည် Garry Tonon

ONEဖယ်သာဝိတ်တန်းတွင် ၄ပွဲဆက်တိုက်နိုင်ပွဲရထားသူ Garry “The Lion Killer” Tonon သည် ဂျပန် ကစားသမားYoshiki Nakahara နှင့် ONE: Enter The Dragon တွင် ယှဉ်ပြိုင်ရင်ဆိုင်ခဲ့သည်။
 အဆိုပါပြိုင်ပွဲတွင် ဘရာဇီး ဂျူဂျစ်ဆုနှင့် ဂျူဒိုတို့၏ အားပြိုင်ပွဲလည်းဖြစ်သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံ ဖယ်သာဝိတ်တန်း တွဲဆိုင်းတွင် အမေရိကန်နိုင်ငံသား ဂျူဂျစ်ဆု ကျွမ်းကျင်သူ Garry Tonon က ဂျပန်နိုင်ငံသား ဂျူဒို ကျွမ်းကျင်သူ Yoshiki Nakahara ကို ပွဲစလျှင်စချင်း ၅၅ စက္ကန့်ပိုင်းတွင် ပွဲသိမ်းချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည်။ ပထမအချီ စက္ကန့် ၄၀ ကျော်တွင်ပိုင်နိုင်သည့် မြေပြင်ချုပ်ကွက်ဖြင့် ပွဲသိမ်းရန် နှစ်ဦးစလုံးက အပြိုင်ကြိုးစားခဲ့ကြပြီး Garry Tonon က Nakahara ၏ ညာဘက်ခြေဖျားကို ၎င်း၏ ဘယ်ဘက်လက်ဂျိုင်းကြားဖြင့်ညှပ်ကာ ဖိထားပြီး ပွဲသိမ်းချုပ်ကွက် တိုက်စစ်ဆင်ခဲ့သည်။ Nakahara သည် Tonon ၏ ပွဲသိမ်းချုပ်ကွက်ကို အချိန်အကြာကြီးထိန်းမထားနိုင်ပဲ ပွဲချိန် ၅၅ စက္ကန့်တွင်ပင် လက်ဖြင့်ပုတ်၍ အရှုံးပေးခဲ့ရသည်။

အဆိုပါနိုင်ပွဲကြောင့်Garry Tonon သည် ၎င်း၏ နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး ၅ပွဲဆက်နိုင်ပွဲရရှိခဲ့သည်။ ၎င်းအနိုင်ရရှိခဲ့သည့် ပြိုင်ပွဲ ၅ပွဲတွင် ၃ပွဲမှာ ပွဲသိမ်းချုပ်ကွက်များဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly