ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ဗီယက်နမ်ဆေးရုံတွေမှာ လူနာတင် မော်တော်ဆိုင်ကယ်တွေကို အသုံးပြုလာ

ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ဗီယက်နမ်ဆေးရုံတွေမှာ လူနာတင် မော်တော်ဆိုင်ကယ်တွေကို အသုံးပြုလာ

ဟိုချီမင်းစီးတီး၊ ဇူလိုင် ၃ ။           ။ ဗီယက်နမ်နိုင်ငံက ဆေးရုံအချို့ဟာ အရေးပေါ်လူနာတွေကို အချိန်မီ သွားရောက်ကုသကယ်တင်နိုင်ရေးအတွက် ယာဉ်ကြောပိတ်ဆို့မှုတွေရဲ့ ဒဏ်ကနေ သက်သာဖို့ အရေးပေါ် လူနာတင် မော်တော်ဆိုင်ကယ်တွေကို အသုံးပြုလာကြပြီ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ယာဉ်ကြောပိတ်ဆို့မှု များပြားတဲ့ မြို့တွေမှာ ကိရိယာအပြည့်အစုံနဲ့ လူနာတင် မော်တော်ဆိုင်ကယ်တွေနဲ့ လူနာဆီ အရောက် သွားစေပြီး ရှေးဦးပြုစုကုသမှုပေးကာ လူနာကို ဆေးရုံကို တင်ဆောင်လာစေတဲ့ လုပ်ငန်းစဉ်ကို ဇန်နဝါရီလထဲက ဆေးရုံအချို့က လုပ်ဆောင်လာခဲ့တာပါ။

နိုင်ငံရဲ့ လူနေအထူထပ်ဆုံး ဟိုချီမင်းစီးတီးမြို့က ခရိုင်အမှတ် ၂ ဆေးရုံက ဒေါက်တာ ငုယင်တူးဒေါင်းနဲ့ သူနာပြုတစ်ဦးဟာ သူတို့ ဆေးရုံရဲ့ ကိရိယာအပြည့်အစုံတပ် လူနာတင် မော်တော်ဆိုင်ကယ် သုံးစီးထဲက တစ်စီးကို အတူတကွ စီးနင်းပြီး အရေးပေါ်လူနာထံ သွားရောက်ကုသကာ တင်ဆောင်လာခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီ လူနာတင်မော်တော်ဆိုင်ကယ် အသုံးပြုတဲ့ လုပ်ငန်းစဉ် အစမှာ တော်တော်များများ လူနာတွေက တအံ့တသြဖြစ်ကြတယ်။ လူနာကို ဆေးရုံဆီ ဘယ်လိုပို့ဆောင်မလဲဆိုပြီး မေးကြမြန်းကြတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က သေချာရှင်းပြရပါတယ်။”လို့ ငုယင်တူးဒေါင်းက ပြောပါတယ်။

“ဒီ လူနာတင်မော်တော်ဆိုင်ကယ်ဟာ ပုံမှန်လူနာတင်ကားတွေလိုပဲ လူနာတွေကို စိတ်ချလက်ချ တင်ဆောင်သွားနိုင်တယ်လို့ ကျွန်တော်တို့ဖက်က ရှင်းပြရတယ်။ ဆေးရုံကို ပုံမှန်အတိုင်း လူနာကို ခေါ်တင်သွားနိုင်တာပဲ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

အခု လူနာတင်မော်တော်ဆိုင်ကယ်တွေကို ထားရှိအသုံးပြုတဲ့ ရည်ရွယ်ချက်ဟာ လူနာကို ခေါ်ဆောင်ဖို့ သက်သက်သာ မဟုတ်ဘဲ လေးဘီးတပ်လူနာတင်ယာဉ်တွေထက် ပိုပြီး အချိန်မြန်မြန်ဆန်ဆန်နဲ့ လုပ်ငန်းဆောင်ရွက်နိုင်တာအတွက်လည်း ဖြစ်ပါတယ်။
ဗီယက်နမ်က ကျဉ်းမြောင်းတဲ့ ကားလမ်းတွေမှာ လူနာတင်ကားတွေနဲ့ဆိုရင် ယာဉ်ကြောပိတ်ဆို့မှု အတားအဆီးတွေကို တော်တော်များများ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အခု လူနာတင်မော်တော်ဆိုင်ကယ်တွေ အသုံးပြုလာတာမှာ အချို့ဆိုရင် အသက်ကယ်နိုင်တဲ့အထိ စွမ်းဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly