မဇ္ဈိမ Key Campaign စတင်ပြီး (၁၁) ရက်အကြာ အားပေးသူများထံသို့ ပေးစာ

မဇ္ဈိမ Key Campaign စတင်ပြီး (၁၁) ရက်အကြာ အားပေးသူများထံသို့ ပေးစာ

၂၀၁၉ ခုနှစ် ဇူလိုင် ၃ ရက်နေ့

အားလုံးပဲ မင်္ဂလာပါ။ 

မဇ္ဈိမ Key Campaignကို စတင်လိုက်တဲ့အကြောင်း ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်က ကျွန်တော် စာရေးသား အသိပေးပြီးနောက် ကျွန်တော်တိုု့ဟာ ပုံမှန်အလုပ်များအပြင် အခြားလှုပ်ရှားမှု အနည်းငယ်လုပ်နေတာကြောင့် အလုပ်များနေခဲ့ပါတယ်။

MizzimaTV နဲ့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်တို့ (VOA Burmese) ၁၅ မိနစ်စာ နံနက်ခင်း အစီအစဉ်ကို တနင်္လာနေ့မှ သောကြာနေ့အထိ ၂၀၁၉ ခုနှစ် ဇွန်လ ၂၄ရက်နေ့ မှစတင်ကာ နေ့စဉ် ထုတ်လွှင့်ပေးနေပါပြီ။ ဒါ့အပြင် “မြန်မာ့သတင်းလွတ်လပ်မှုနှင့် ဒီမိုကရေစီရေချိန်” (Myanmar Press Freedom and Democracy Level) ဆိုတဲ့ နှီးနှောဖလှယ်ပွဲ တစ်ခုကိုလည်း မဇ္ဈိမနဲ့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်တို့ ဇွန်လ (၂၉) ရက်နေ့မှာ ပူးတွဲကျင်းပခဲ့ကြပါတယ်။ 

ဒီအခမ်းအနားကို မြန်မာ့မီဒီယာ အသီးသီးမှ အကြီးတန်း အယ်ဒီတာများနဲ့ သတင်းစာဆရာ ၅၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ အဓိက ဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဉ် ၂ ခုကတော့ “မြန်မာ့မီဒီယာ မည်မျှ လွတ်လပ်သနည်း” နဲ့ “အမျိုးဘာသာ သာသနာနှင့် မီဒီယာ” ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ 

ဗွီအိုအေ သတင်းများကို မဇ္ဈိမရုုပ်သံမှ ထုတ်လွှင့်ခြင်းအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားနဲ့ ဧည့်ခံပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ ညနေခင်းမှာ မဇ္ဈိမနဲ့ ဗွီအိုအေတို့ ပူးတွဲ ကျင်းပခဲ့ကြပြီး ထိုအခမ်းအနားသို့ လူတန်းစားအလွှာ အသီးသီးမှ လူပေါင်း ၃၀၀ ခန့်ကို ဖိတ်ကြားခဲ့ပါသေးတယ်။ ထိုညနေခင်းက ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ မိတ်ဆွေများနဲ့ ထောက်ခံအားပေးသူများကို မဇ္ဈိမ Key Campaign အကြောင်း အသိပေး ကြေညာခဲ့ပါတယ်။

ကျွန်တော် ပထမဆုံးပြောချင်တာကတော့ မဇ္ဈိမ Key Campaign နဲ့ ပတ်သက်ပြီး မဇ္ဈိမ ဝန်ထမ်းများနဲ့ သူတို့ရဲ့ဆွေမျိုးများ၊ စေတနာရှင်များဆီမှ အလွန်အားရစရာ တုံ့ပြန်မှုကို ရခဲ့ပါတယ်။ မဇ္ဈိမ Key Campaign ကို စတင်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန် လ (၂၁) ရက်နေ့မှ ဇူလိုင် (၂) အထိ (၁၁) ရက်အတွင်းမှာပင် မြန်မာငွေ ၇,၇၁၀,၀၀၀ ကျပ် တန်ဖိုးရှိသည့် စုစုပေါင်း သော့ (၁၅၉) ချောင်းအတွက် ကတိကဝတ်ပြုချက်ကို မဇ္ဈိမ Key Campaign အတွက် ရရှိခဲ့ပါတယ်။ Key Campaign အတွက် အားပေးခဲ့ကြသူများ စာရင်းကိုတော့ http://building.mizzimafoundation.org/mizzima-key-campaign/ ဆိုသည့် link တွင် သွားရောက် ကြည့်ရှုနိုင်ကြပါတယ်။

မဇ္ဈိမရဲ့ တစ်ဦးချင်းမိတ်ဆွေများနဲ့ အားပေးထောက်ခံသူများ သာမကဘဲ မီဒီယာမိတ်ဖက် အဖွဲ့များဖြစ်ကြတဲ့ Burma News International (BNI) နှင့် Southeast Asian Press Alliance (SEAPA) တို့ကလည်း မဇ္ဈိမ Key Campaign အကြောင်း အသေးစိတ်ကို သူတို့ရဲ့ ကွန်ရက်အဖွဲ့ဝင်များအကြား ဖြန့်ဝေပေးခဲ့တဲ့အတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

ဒါ့အပြင် မဇ္ဈိမ ဝန်ထမ်းတွေကလည်း သူတို့ကိုယ်တိုင်သာမကဘဲ သူတို့ရဲ့ အနီးစပ်ဆုံးနှင့် အချစ်ခင်ဆုံးသူများ အတွက်ပါ သော့များ ဝယ်ယူ အားပေးခဲ့တာကို တွေ့ရပါတယ်။ ဒီအချက်ဟာ မဇ္ဈိမကို ၁၉၉၈ ခုနှစ် စတင်ဖွဲ့စည်းစဉ်ကတည်းက ရှိခဲ့တဲ့ မဇ္ဈိမ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ဖြစ်တဲ့ ပညာရှင် သတင်းသမားနဲ့ သတင်းထောက် ပီသအောင် ကြိုးစားနေကြသလို လိုအပ်လာလျှင် စွန့်လွှတ်ရန်လည်း အမြဲတမ်း အသင့်ဖြစ်နေကြပါတယ်။

မဇ္ဈိမ Key Campaign ကနေ ဘာတွေရရှိဖို့ ကျွန်တော်တို့ ကြိုးစားနေသလဲဆိုုတာကို အချို့က နားမလည်ကြခြင်းကိုလည်း Facebook ပေါ်မှာတွေရတဲ့ မှတ်ချက်အချို့ ကတဆင့် တုံ့ပြန်မှုများကို ကြားသိနေရပါတယ်။
 
ရုံးဆောက်လုပ်ဖို့ ဘာကြောင့် Key Campaign လုပ်ရသလဲ၊ ဘယ်လိုလုပ်ကြမလဲ ဆိုုတာကို နားမလည်နိုင်စရာ ဖြစ်နေတာပါ။ မီဒီယာပိုင်ရှင်တယောက်ဟာ သူ့ရုံးဆောက်ဖိုု့ သက်သက်သာလို့ သူတို့ထင်မြင် နေကြတာပါ။
 
ဒီလိုဆောက်လုပ်ဖို့ စာဖတ်သူနဲ့ ကြည့်ရှုသူများကိုု ဘာ့ကြောင့် မဇ္ဈိမသော့ ဝယ်ခိုင်းရသလဲဆိုုတာ မရှင်းမလင်း ဖြစ်နေကြတာပါ။ သော့ဝယ်ရန် စိတ်ဝင်စားကြသူများ အတွက် နောက်ထပ်စိတ်ဝင်စားစရာ မေးခွန်းတစ်ခုကတော့ Key Campaign က  ရတဲ့ငွေနဲ့ ရုံးဆောက်လုပ်ပြီးပါက မဇ္ဈိမရုံးကို ဘယ်သူပိုင်မလဲ ဆိုုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

သူတို့ကို ကျွန်တော်တို့ ရှင်းပြခဲ့ပါတယ်။ မဇ္ဈိမရုံး အဆောက်အဦးသစ်ကို မဇ္ဈိမ မီဒီယာဂရုကပဲ ပိုင်ဆိုင်မှာ ဖြစ်သော်လည်း ရုံးဆောက်လုပ်ရာမှာ ထောက်ပံ့ ကူညီခဲ့ကြသူတွေအတွက် မဇ္စျိမက တံခါးဖွင့် ကြိုဆိုနေမှာပါ။ သူတို့ရဲ့ အမည်များကို ဖော်ပြပေးမှာ ဖြစ်သလို၊ အနာဂတ် မဇ္ဈိမရုံး အဆောက်အဦးရဲ့ အရေးပါတဲ့ နေရာတွေမှာ သူတို့ရဲ့သော့များကို ပြသထားမှာပါ။

မဇ္ဈိမရုံးထဲကိုု အများပြည်သူ လာခွင့်ရစေအောင် သေချာ စီမံဆောင်ရွက် ထားမှာပါ။ မဇ္ဈိမ ရုံးသစ်ထဲမှာ မဇ္ဈိမဝန်ထမ်းများ စိတ်လက်ပေါ့ပါးစွာ သက်သောင့်သက်သာ အလုပ်လုပ်နိုင်ဖို့ နေရာထိုင်ခင်းနှင့် အသုံးအဆောင် ပစ္စည်းများကိုလဲ အသေအချာ ထားရှိပေးသွားမှာပါ။

ကျွန်တော်တို့၏ နောက်ထပ်ခြေလှမ်းကတော့ မဇ္ဈိမရုံးသစ် အဆောက်အဦးအတွက် စာဖတ်သူနှင့် ကြည့်ရှုသူများထံမှ ထောက်ခံမှုနှင့် စည်းလုံးညီညွတ်မှုကို ရရှိရန်အတွက် မဇ္ဈိမ Key Campaign ကို မြန်မာနိုင်ငံ အခြားမြို့များမှာလည်း တိုးချဲ့ ဆောင်ရွက်သွားမှာပါ။

မဇ္ဈိမ Key Campaign မှတဆင့် ကျွန်တော်တို့ကို ထောက်ခံအားပေးကြပါရန် ကျွန်တော်တို့ရဲ့၊ ကမ္ဘာတစ်ဝှမ်းက အားပေးသူများကိုလည်း မေတ္တာရပ်ခံ လိုပါတယ်။ သို့မှသာ မဇ္ဈိမရုံးအသစ် အဆောက်အဦးကို ရန်ကုန်မြို့မှာ ဆောက်လုပ်နိုင်ပြီး ရုံးသစ်မှာ မဇ္ဈိမဝန်ထမ်းများ အလုပ်လုပ်နိုင်ကြကာ မဇ္ဈိမရဲ့ စာဖတ်သူ၊ MizzimaTV ကြည့်ရှုသူများနဲ့ ပရိသတ်များ ရုံးသစ်ကို မကြာခင် ဝင်ထွက်သွားလာ လည်ပတ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

အသေးစိတ်သိရှိရန်နှင့် ဆက်သွယ်ရန်

Email – [email protected]
Mobile – +95 – 942 1010 100
Website – http://building.mizzimafoundation.org

အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

လွတ်လပ်တဲ့ မီဒီယာ အတွက် သော့တစ်ချောင်းပိုင်ဆိုင်လိုက်ပါ
Own the key to independent media

စိုးမြင့်
ဇူလိုင် (၃) ရက်နေ့၊ ၂၀၁၉ ခုနှစ်
ရန်ကုန်မြို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly