နိုင်ဂျီရီးယားမှာ ဆီတင်ကား တိမ်းမှောက်ပြီး လူ ၄၅ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရ

နိုင်ဂျီရီးယားမှာ ဆီတင်ကား တိမ်းမှောက်ပြီး လူ ၄၅ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရ

အဘူဂျာ၊ ဇူလိုင် ၃ ။          ။ နိုင်ဂျီရီးယားနိုင်ငံမှာ ဆီတင်ကားတစ်စီး တိမ်းမှောက်မီးလောင်ရာမှာ လူပေါင်း ၄၅ ဦး အနည်းဆုံး သေဆုံးပြီး ၁၀၀ ကျော်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

တိမ်းမှောက်တဲ့ ဆီတင်ကားဆီက ယိုဖိတ်လာတဲ့ ဓာတ်ဆီတွေကို လူတွေက လာရောက်ယူငင်ကြချိန် မီးလောင်ပေါက်ကွဲတာဖြစ်တာကြောင့် ခုလို အသေအဆုံး များပြားကြောင်း အရေးပေါ်ဌာနက ဇူလိုင် ၂ ရက်မှာ ပြောပါတယ်။

ဆီတင်ကားဟာ ဘန်နူးပြည်နယ် အဟမ်ဘီကျေးရွာကို ဖြတ်ပြီး ဇူလိုင် ၁ ရက်က မောင်းနှင်လာခဲ့ရာမှာ စျေးဆိုင်တွေအနီး တိမ်းမှောက်တာပါ။

ဒေသခံတွေက ကားဆီ အရောက်ပြေးလာကြပြီး ယိုဖိတ်ဓာတ်ဆီတွေကို တစ်နာရီကျော်ကြာ ယူငင်နေကြချိန် မီးထလောင်ပြီး ပေါက်ကွဲတော့တာ ဖြစ််ပါတယ်။

“ကျွန်တော်တို့ လူသေရုပ်အလောင်း ၄၅ လောင်းကို တွေ့ရှိပါတယ်။ ပြင်းပြင်းထန်ထန် မီးလောင်ဒဏ်ရာရသူပေါင်း ၁၀၁ ဦး ရှိပါတယ်။”လို့ ဘန်နူးပြည်နယ် ဗဟိုလမ်းပိုင်းဘေးကင်းလုံခြုံရေးကော်မရှင် အကြီးအကဲ အလီယုဘာဘာက အေအက်ဖ်ပီကို ပြောပါတယ်။

“မီးလောင်ပေါက်ကွဲတဲ့ နေရာနဲ့ အခြေအနေကို ကြည့်ရသလောက် တော်တော်များများတော့ အသက်ရှင်ဖို့ မရှိနိုင်ဘူး။”လို့ ၎င်းက ဆိုပါတယ်။

သေဆုံးသူတွေမှာ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး၊ ကလေးနှစ်ဦးတို့ ပါဝင်ပြီး မီးသတ်သမားနှစ်ဦးလည်း ပြင်းပြင်းထန်ထန် မီးလောင်ဒဏ်ရာရကြောင်း ၎င်းက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly