ဆာရင် အဆိပ်ဓာတ် တွေ့ရှိမှု သံသယကြောင့် Facebook ရုံးချုပ်မှာ ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရ

ဆာရင် အဆိပ်ဓာတ် တွေ့ရှိမှု သံသယကြောင့် Facebook ရုံးချုပ်မှာ ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရ

ဇူလိုင် ၂ ။           ။ အမေရိကန် ဆိုရှယ်မီဒီယာကုမ္ပဏီ Facebook ဌာနချုပ်ဆီ ပို့လိုက်တဲ့ ပါဆယ်ထုပ်တစ်ထုပ်မှာ အာရုံကြော ထိခိုက်စေတဲ့ ဆာရင် အဆိပ်ဓာတ် ဖြစ်နိုင်တဲ့ ဓာတ်တစ်မျိုး တွေ့ရှိခဲ့လို့ ဇူလိုင် ၁ ရက်က ဌာနချုပ်ဝင်းအတွင်းရှိ အဆောက်အအုံ လေးခုမှာ ရှိနေသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းက Facebook ရုံးချုပ်ရဲ့ ပေးစာနဲ့ ပါဆယ်ထုပ်တွေ လက်ခံရာဌာနကို ရောက်လာတဲ့ အထုပ်တစ်ထုပ်မှာ ယင်းလူသေဆုံးစေနိုင်တဲ့ အာရုံကြော အဆိပ်ပါနေတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးပေါ် ကိုင်တွယ်ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။

Facebook ရုံးကို ဝင်လာတဲ့ စာနဲ့ အထုပ်တွေကို စက်နဲ့ စစ်ဆေးရာမှာ အထုပ်တစ်ထုပ်မှာ ဆာရင် အဆိပ်တွေ့ရှိကြောင်း စက်က အချက်ပြခဲ့တဲ့အတွက် ခုလိုဆောင်ရွက်ခဲ့တာဖြစ်ကြောင်း Menlo Park မီးသတ်ဌာနအကြီးအကဲ ဟာရိုး ရှက်ပဲလ်ဟောမန်းက ပြောပါတယ်။

“ ဒီ စက်ကတော့ ဒါကို ဆာရင် ဆိုပြီး အချက်ပြတာပါ၊ ဒါ တကယ်လားဆိုတာတော့ ကျွန်တော်တို့ကတော့ တိတိကျကျ မသိပါဘူး၊ ဒီအထုပ်နဲ့ ထိတွေ့မိကောင်းမိနိုင်တဲ့ ဝန်ထမ်းနှစ်ဦးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒီ အဆိပ်ဓာတ် လက္ခဏာမျိုးတော့ မတွေ့ခဲ့ရပါဘူး” လို့ ၎င်းက ပြောသွားပါတယ်။

ယင်းနောက် အဆောက်အအုံ လေးလုံးအနက် သုံးလုံးကို ရှင်းလင်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးက Facebook ရဲ့ နံပါတ်တစ်ဦးစားပေးချက်ဖြစ်ကြောင်း၊ ဒီကိစ္စကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း၊ သတင်းအချက်အလက် ထပ်ရလာတာနဲ့ ထပ်မံထုတ်ပြန်သွားမှာဖြစ်ကြောင်း Facebook က ထုတ်ပြန်သွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly