မိကျောင်းနဲ့ လက်ထပ်တဲ့ မက္ကဆီကို မြို့တော်ဝန်

မိကျောင်းနဲ့ လက်ထပ်တဲ့ မက္ကဆီကို မြို့တော်ဝန်

ဇူလိုင် ၂ ။          ။ မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်းက ဆန် ပီဒရို ဟွာမဲလူလာမြို့က မြို့တော်ဝန်ဖြစ်သူကတော့ ရှေးထုံးတမ်း အစဉ်အလာတစ်ရပ်ကို စောင့်ထိန်းလိုက်နာပြီး မိကျောင်းငယ် တစ်ကောင်နဲ့ လက်ထပ်ထိမ်းမြှားခဲ့ပါတယ်။

ခုလို ထူးထူးခြားခြား မိကျောင်းနဲ့ လက်ထပ်ရခြင်း အကြောင်းရင်းကတော့ ၎င်း အုပ်ချုပ်နေတဲ့ မြို့မှာ စီးပွားလာဘ်လာဘတွေ တိုးတက်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

တံငါလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ အဆိုပါ မြို့ကလေးမှာ ငါး၊ ပုဇွန်နဲ့ အခြား ပင်လယ်စာ ထွက်ကုန်တွေ လှိုင်လှိုင်ပေါများစေဖို့ အတွက် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

ဒီထူးခြားတဲ့ ရိုးရာဓလေ့ကို ကျင့်သုံးနေတာဆိုရင် နှစ်ပေါင်း ရာချီ ရှိနေပြီလို့လည်း သိရပါတယ်။

ဇွန်လ ၃၀ ရက်က မြို့တော်ဝန် ဗာဂျီလီယို ဖျူအန်တီနဲ့ မိကျောင်းငယ်လေးတို့ရဲ့ မင်္ဂလာပွဲ ကျင်းပရာမှာတော့ သတို့သမီး မိကျောင်းအကောင်ပေါက်လေးကို မင်္ဂလာဝတ်စုံ ဆင်မြန်းပေးပြီး တေးဂီတနဲ့ တီးမှုတ်ရင်း မြို့ထဲ လှည့်လည်ကြတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly