ဧရာဝတီမှာ လျှပ်စစ်နှင့်ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ဖို့ ရှိနေလဲ

02 July 2019
ဧရာဝတီမှာ လျှပ်စစ်နှင့်ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ဖို့ ရှိနေလဲ

လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ ဇလွန်၊ ညောင်ပင်စျေးတွင် 66kv ခွဲရုံဆောက်လုပ်ရန် လုပ်ငန်းအား ၂၀၁၉-၂ဝနှစ်တွင် ADB ချေးငွေဖြင့် လျာထားဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရေကြည် -ဟင်္သာတလိုင်းမှာ ၁၃ မိုင်ကျော် ချိတ်ဆက်လျှင် ခွဲရုံဆောက်၍ ရမည်ဖြစ်ကြောင်းကို လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ဇွန်၂၈ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်သို့ လာရောက်စဉ် တောင်သူများမှ လျှပ်စစ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့မှုများ ရှိသောကြောင့် ဝန်ကြီးက ဖြေကြားလိုက်ခြင်း ဖြစ်သည်။ 

ရိုက်ကူး-စည်သူမောင်မောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly