လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံလိုက်သည့်အပေါ် ရန်ကုန်တွင် စတင်ဆန္ဒပြ

02 July 2019
လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံလိုက်သည့်အပေါ် ရန်ကုန်တွင် စတင်ဆန္ဒပြ

အစိုးရမှ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု စတင်အသက်ဝင်သည့် ဇူလိုင်လ ၁ ရက်တွင် မီတာခ တိုးမြှင့်လိုက်ခြင်းအပေါ် လူဦးရေ ၅၀ ခန့်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်အတွင်း စီတန်းလှည့်လည်ကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယနေ့ နံနက်ပိုင်း ၉ နာရီခန့်မှ စတင်ကာ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပုဇွန်တောင် ဥယျာဉ် အိမ်ရာရှေ့တွင် စုရပ်ပြုလုပ်ကာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

" ကျွန်တော်တို့ ပြည်သူကို၊ ၂၀၁၅ ခုနှစ်မှာ မဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူကို လျစ်လျူရှုလိုက်တာပါပဲ။ ကျွန်တော် တို့ ဆန္ဒထုတ်ဖော်တဲ့အတိုင်း မီတာခ တိုးမြှင့်ကောက်ခံမှုအပေါ်မှာ ဆက်ပြီး မကောက်ခံတော့ဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ သူတို့ အစိုးရကို သက်တမ်းတိုးမြှင့်ပေးလိုက်တဲ့ ဆန္ဒဖော်ထုတ်တဲ့ လှုပ်ရှားမှုဖြစ်သွား မယ်။ သူတို့က မီတာခကို တိုးမယ်။ ငါတို့ ပါတီ၊ ငါတို့အစိုးရ၊ ငါတို့ လွှတ်တော်ဆိုတဲ့ အခြေအနေနဲ့ သူတို့က ဆက်ပြီး တိုးကောက်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို သူတို့ ခံရမှာပါ"ဟု လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံမှုအား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သူ ဦးစိုးမင်းသန်းက ပြောသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly