ဘာကြောင့်ဆေးပုံမှန်စစ်သင့်တာလဲ။ ဘာတွေစစ်ကြမလဲ

ဘာကြောင့်ဆေးပုံမှန်စစ်သင့်တာလဲ။ ဘာတွေစစ်ကြမလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
အသက်ကို ဉာဏ်စောင့်တယ်။ ဒီစကားလေးက ငယ်ငယ်ကတည်းက လူကြီးတွေပြောတာကို ကြားဖူးနေလောက်တဲ့စကားလေးတစ်ခွန်းပေါ့။ တကယ်ကိုလည်းမှန်ပါတယ်။ ကျန်းမာနေစေဖို့ဆိုရင် ခန္ဓာကိုယ်ကို လုံလောက်တဲ့ အာဟာရပေးဖို့လိုသလို ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ အချို့သောရောဂါတွေက အစောပိုင်းအဆင့်တွေမှာ သိရှိကုသနိုင်မယ်ဆိုရင် ပျောက်ကင်းအောင်ကုသနိုင်တာမျိုးတွေရှိတာကိုး။ ရောဂါတွေကိုစောစောသိရှိကုသကာကွယ်နိုင်မယ့်နည်းလမ်းလေးတစ်ခုကို ဒီဆောင်းပါးလေးမှာပြောပြပေးထားလို့ ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေချင်သူလေးတွေ ဖတ်ကြည့်ကြဖို့ ပြောပါရစေ။
ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေဖို့ ဘာလုပ်ရမလဲ……..

ဒီအဖြေလေးကတော့ ရှင်းပါတယ်။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဆိုတဲ့ စကားကိုလိုက်နာတဲ့အနေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပေါ့။ ကျန်းမာရေးစစ်ဆေးမှုလုပ်တာက အပိုငွေကုန်တာလို့ ထင်စရာရှိပေမယ့် တကယ်ကတော့ ကိုယ့်အတွက်ကိုယ်ရင်းနှှီးမြှုပ်နှံတာပါ။ ဒီတော့ Helloဆရာဝန်ပရိသတ်ကြီးကိုဖြစ်နိုင်ရင် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်စေချင်ပါတယ်။

ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တဲ့ အကြောင်းအရင်း

ဆရာဝန်ဆီကိုပုံမှန်သွားပြီးလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တာက ကောင်းတဲ့အချက်တစ်ခုပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်တာကြောင့်

ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို သိရှိနိုင်တယ် – တစ်နှ်စ်တစ်ခါပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်တာက နောက်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ရောဂါတွေရဲ့ အစပျိုးနေတဲ့ လက္ခဏာတွေကို သိရှိနိုင်ပြီး ကြိုတင်ကာကွယ်ဖို့ အခွင့်အရေးရစေပါတယ်။

လက်ရှိကျန်းမာရေးအခြေအနေကို သိနိုင်တယ် – ကိုယ်မသိလိုက်ဘဲ လက်ရှိကာလမှာ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကို သိရှိပြီး သင့်တော်တဲ့ ကုသမှုခံယူနိုင်ခွင့်ရရှိစေနိုင်တယ်။

ကျန်းမာတဲ့ လူနေမှုပုံစံကို ဖန်တီးခွင့်ရနိုင်တယ် – သတိထားဆင်ခြင်ရမယ့် အချက်တွေကိုသိရှိပြီး နေ့စဉ်ဘဝမှာ ကျန်းမာတဲ့ လူနေမှုပုံစံကို ဖန်တီးခွင့်ရစေနိုင်တယ်။

လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံမှုတွေလုပ်နိုင်တယ် – ရာသီတုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင် အသားဝါ A ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေးအပါအဝင်အခြားနှစ်စဉ်ထိုးနှံဖို့လိုအပ်မယ့် ကာကွယ်ဆေးတွေကိုလည်း မမေ့မလျော့ထိုးနှံမိစေမှာပါ။

ကျန်းမာရေးကုန်ကျစရိတ်သက်သာစေနိုင်တယ် – မဖြစ်ခင်က ကြိုတင်သိရှိကာကွယ်နိုင်မှှုကြောင့် ရောဂါခံစားရတာ သက်သာသလို ဆေးကုသမှုကုန်ကျစရိတ်လည်း သက်သာစေမှာ အမှန်ပါ။
ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်သူတွေက ဘယ်သူတွေလဲ………

  •    
    ရောဂါအခံရှိသူတွေ
  •     သက်အရွယ်ကြီးရင့်နေတဲ့သူတွေ
  •     သက်လတ်ပိုင်းတွေ
  •     မိဘမျိုးရိုးမှာ နာတာရှည်ရောဂါတစ်ခုခုခံစားရမှုရှိသူတွေ
  •     အဝလွန်နေသူတွေ
  •     ရှိသင့်တဲ့ BMI (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း) ထက်နည်းနေတဲ့သူတွေ
  •     မွေးရာပါရောဂါတစ်ခုခုခံစားနေရတဲ့ ကလေးငယ်တွေကအခြားသူတွေထက်ပုံမှန်စစ်ဆေးမှုလုပ်သင့်ပါတယ်။

အသက်အရွယ်အလိုက်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုအကြိမ်ရေ

အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးမှုခံယူရမယ့် အကြိမ်ရေလည်း ကွာခြားနိုင်ပါတယ်။

  •     အသက် ၁၉ နှစ်ကနေ ၂၁ နှစ်အထိ ၂ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ်
  •     အသက် ၂၂ နှစ်ကနေ ၆၄ နှစ်အထိ ၁ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ်
  •     အသက် ၆၅ နှစ်အထက် တစ်နှစ်ကို တစ်ကြိမ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်ပါတယ်။

ကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အခါဘာတွေပါသင့်လဲ…….

  •    
    သွေးစစ်ရမယ် (ကူးစက်ရောဂါပိုးတွေရှိနေလား)
  •     သွေးတွင်းကိုလက်စထရောပမာဏစစ်ဆေးခြင်း
  •     ဆီးချိုသွေးချိုရှိ၊မရှိစစ်ဆေးခြင်း
  •     သားအိမ်ခေါင်းကင်ဆာရှိ၊မရှိစစ်ဆေးခြင်း
  •     သွေးတွင်းပရိုတင်း စစ်ဆေးခြင်း
  •     အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း
  •     ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း
  •     အမျိုးသမီးဟော်မုန်း စစ်ဆေးခြင်း
  •     အမျိုးသားဟော်မုန်း စစ်ဆေးခြင်း
  •     အသည်းပရိုတင်းပမာဏ စစ်ဆေးခြင်း
  •     အသည်းရောင်အသားဝါရောဂါပိုး ကူစက်ခံထားရတာရှိ၊မရှိ စစ်ဆေးခြင်း
  •     HIV ပိုးကူးစက်ခံထားရမှုရှိ၊မရှိ စစ်ဆေးခြင်း
  •     ဆီးကျိတ်ကင်ဆာရှိ၊မရှိ စစ်ဆေးခြင်း
  •     အစာအိမ်နဲ့အူလမ်းကြောင်းစစ်ဆေးခြင်း
  •     မျက်လုံးစစ်ဆေးမှု
  •     သွားနဲ့ခံတွင်းစစ်ဆေးမှု
  •     ရင်သားဓာတ်မှန်ရိုက်ခြင်း
  •     ရင်သားကင်ဆာစစ်ဆေးခြင်း
  •     နှလုံးကျန်းမာရေးစစ်ဆေးခြင်း
  •     ဂေါက်ရောဂါရှိ၊မရှိ ယူရစ်အက်ဆစ် စစ်ဆေးခြင်း
  •     အရိုးသိပ်သည်းဆစစ်ဆေးခြင်း
  •     ဆီးစစ်ခြင်း စတာတွေအပြင်သွေးတိုးရှိနေလားဆိုတဲ့ အခြေခံကျန်းမာရေးစစ်ဆေးမှုတွေကနေစလို့ အသက်အရွယ်အရလိုအပ်မယ့် ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ရောဂါအခြေအနေအရလိုအပ်မယ့် စစ်ဆေးမှုတွေကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။

ကဲ…ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် အသက်ရှည်ရှည်နေနိုင်စေဖို့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့စိတ်ဝင်စားလာပြီလား။ ဒါဆိုရင်တော့ မဖြစ်မနေစဉ်းစားရမှာတစ်ခုကကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးပေးနိုင်ပြီး စိတ်ချရတဲ့ နေရာမှာ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုခံယူဖို့ပေါ့။ ဒါဆိုရင် ဆေးခန်းတွေဆေးရုံတွေကများလို့ ဘယ်မှာလုပ်ရပါ့လို့ စိတ်ညစ်နေပြီလား။ ကျန်းမာရေးစစ်ဆေးမှုကို တစ်နေရာတည်းမှာ အဆင်ပြေစွာနဲ့လုပ်ဖို့ဆန္ဒရှိနေတယ်ဆိုရင်တော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Praram9 ကိုညွှန်ပေးပါရစေ။

နှစ်ပေါင်း ၂ရနှစ်ကြာမြင့်ပြီဖြစ်တဲ့  Praram9 ဆေးရုံကြီးမှာ နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ဆေးစစ်တဲ့ Medical checkup ပရိုဂရမ်တွေကို အထူးပရိုမိုးရှင်းနဲ့ စျေးလျှော့ချထားပေးတာကြောင့် ကိုယ်တိုင် ဒါမှမဟုတ် မိဘဆွေမျိုး သားသမီးတွေကို မှန်ကန်တိကျတဲ့အဖြေတွေနဲ့ စစ်ဆေးပေးချင်တဲ့သူတွေအတွက် အခွင့်အရေးပါပဲ။ အသေးစိတ်သိရှိလိုတယ်ဆိုရင် Praram9 ရဲ့ဖေ့ဘွတ်စာမျက်နှာဖြစ်တဲ့ https://www.facebook.com/Praram9Hospital.Myanmar မှာသွားရောက်လေ့လာမေးမြန်းနိုင်ပါတယ်။ ကင်ဆာဝေဒနာရှင်များနဲ့ ပြုစုစောင့်ရှောက်ပေးသူများအတွက်လည်း ဂရုတစ်ခုထားရှိတဲ့အတွက် လေ့လာ မေးမြန်းမှုတွေလုပ်နိုင်ပါတယ်။ https://www.facebook.com/groups/822496048120705/

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly