အိမ်ပြန်ချိန်မသေချာသေးတဲ့ ရခိုင်ပြည်နယ်က မလုံခြုံသော ဘဝများ

02 July 2019
အိမ်ပြန်ချိန်မသေချာသေးတဲ့ ရခိုင်ပြည်နယ်က မလုံခြုံသော ဘဝများ

၂၀၁၈နှစ်ကုန်ပိုင်းမှာစတင်ခဲ့တဲ့ရခိုုင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် ပြည်နယ်ရဲ့ ဒေသခံ ၄ သောင်းကျော်လောက်ဟာစစ်ဘေးဒုုက္ခသည် ဘဝကိုရောက်ရှိခဲ့ပါတယ်။

သူတိုတွေဟာလတ်တရောဘဝလုံခြုံရေးအတွက် စစ်ရှောင်စခန်းတစ်ရာကျော်မှာခိုလှုံနေခဲ့ရပါတယ်။

ဒေသခံအဖွဲ့တွေကကူညီကယ်ဆယ်မှုအချို့ရှိနေပေမယ့်လည်းစစ်ရှောင်စခန်းရဲ့အခက်အခဲများစွာတွေကိုမဖြေရှင်းနိုင်သေးပါဘူး။မိုးတွင်းကာလရောက်လာတာနဲ့အမျှ မိုးကာတဲတွေနဲ့နေထိုင်ရတဲ့စစ်ဘေးရှောင်တွေအတွက်ကျန်းမာရေးပြသာနာတွေလည်းရင်ဆိုင်လာရပါတယ်။ဒါဟာဒုက္ခသည်ဦးရေရဲ့ထက်ဝက်ကျော်လောက်ဖြစ်နေတဲ့့ မိန်းမသားတွေနဲ့ ကလေးငယ်တွေ အတွက်တော့ စိတ်ပူစရာတစ်ခုုဖြစ်လာပါတယ်။ ဒီအကြောင်းကို ဇေယျာမင်းက တင်ဆက်ပေးထားပါတယ်။

ရိုက်ကူးတင်ဆက် -ဇေယျာမင်း(TLK)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly