LGBT အခွင့်အရေးအတွက် နယူးယောက်မှာ လူတစ်သိန်းခွဲကျော် စုရုံးချီတက်

LGBT အခွင့်အရေးအတွက် နယူးယောက်မှာ လူတစ်သိန်းခွဲကျော် စုရုံးချီတက်

နယူးယောက်၊ ဇူလိုင် ၁ ။          ။ နယူးယောက်မြို့လယ်မှာ ပွဲစီစဉ်သူတွေရဲ့ ခန့်မှန်းချက်အရ အင်အား တစ်သိန်းခွဲမက ရှိမယ့် ပြည်သူတွေဟာ လိင်တူချစ်သူတွေရဲ့ သိက္ခာကို ဖော်ပြရန်နဲ့ LGBT (လိင်တူချစ်သူများ) အခွင့်အရေးတွေ အားပေးမြှင့်တင်ရန် ဇွန် ၃၀ ရက်က စုရုံးချီတက်ဆန္ဒပြကြပါတယ်။

သက်တံရောင်အလံတွေကို ဝှေ့ယမ်းရင်း ခုလို စုရုံးချီတက်ပွဲမှာ LGBT အဖွဲ့အစည်းတွေ၊ အင်န်ဂျီအိုတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သရုပ်ဆောင်တွေ၊ ရုပ်သံတင်ဆက်သူတွေနဲ့ ရွေးကောက်ခံနိုင်ငံရေးသမားတွေ စတဲ့ အလွှာစုံ၊ အဆင့်အတန်းစုံက ပါဝင်ကြပါတယ်။

စုရုံးချီတက်ကြရာမှာ ကုလားမခြေထောက်တွေနဲ့ ချီတက်သူတွေ၊ မိန်းမလို ဝတ်ဆင်ထားတဲ့ အမျိုးသားတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အခု စုရုံးချီတက်မှုဟာ လိင်တူချစ်သူတွေ အခွင့်အရေးအတွက် အတက်ကြွဆုံး ရုန်းကန်လှုပ်ရှားခဲ့တဲ့ Stonewall အုံကြွမှု နှစ် ၅၀ ပြည့်လည်း ဖြစ်ပါတယ်။

နံနက်ခင်းရဲ့ ပြင်းပြပူလောင်တဲ့ နေရောင်အောက်မှာ လိင်တူချစ်သူတွေ အခွင့်အရေး လှုပ်ရှားသူတွေဟာ တက်တက်ကြွကြွ ချီတန်းဆန္ဒဖော်ထုတ်ကြတာပဲ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် သမ္မတလောင်းနေရာအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုနဲ့ နယူးယောက်အုပ်ချုပ်ရေးမှူး အင်ဒရူးကူလိုမိုတို့လည်း ချီတက်တဲ့ ထိပ်တန်းနိုင်ငံရေးသမားတွေထဲမှာ အပါအဝင်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly