ဆယ်စုနှစ် ၃ စုအတွင်း ပထမဆုံးအဖြစ် စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှု ဂျပန် ပြန်လည်စတင်

ဆယ်စုနှစ် ၃ စုအတွင်း ပထမဆုံးအဖြစ် စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှု ဂျပန် ပြန်လည်စတင်

ဇူလိုင် ၁ ။       ။ ဆယ်စုနှစ် သုံးစုအတွင်း ပထမဆုံးအကြိမ်အဖြစ် စီးပွားဖြစ် ဝေလငါး ရှာဖွေဖမ်းဆီးမှုကို ဂျပန်တို့ တရားဝင် ပြန်လည်စတင်ပြီ ဖြစ်ရာ ဇူလိုင် ၁ ရက်မှာတော့ ဝေလငါးဖမ်းသင်္ဘောတွေ ပင်လယ်ပြင်ကို စတင်ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

ဒီလို စီးပွားဖြစ်ဝေလငါးဖမ်းဆီးမှု ပြန်စမယ့် ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချဝေဖန်နေသော်ငြား ဂျပန်တို့ကတော့ အရေးမစိုက်ဘဲ နေလျက် ရှိပါတယ်။

ဂျပန်တို့ရဲ့ ဒီလုပ်ရပ်ဟာ ရက်စက်ပြီး ခေတ်မမီတော့ လုပ်ဆောင်မှုဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြစ်တင်ပါတယ်။

ဝေလငါးဖမ်း အသိုက်အဝန်းက ငါးဖမ်းရေယာဉ် ငါးစင်းကတော့  ဝေလငါးတွေဖမ်းဆီးဖို့ ယနေ့မှာပဲ ဂျပန်မြောက်ပိုင်း ကူရှီရိုမြို့ ဆိပ်ကမ်းကနေ အသီးသီးထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ ဝေလငါးဖမ်းဆီးမှုဆိုင်ရာ ကော်မရှင် IWC ကနေ နုတ်ထွက်ပြီး စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှုတွေကို ပြန်လည်စတင်မယ့် ဂျပန်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ် တက်ကြွလှုပ်ရှားသူတွေရော၊ ဝေလငါးဖမ်းမှု ဆန့်ကျင်တဲ့ နိုင်ငံတွေကပါ အပြင်းအထန် ပြစ်တင်ထားလျက် ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly