ကမ္ဘာ့စျေးအကြီးဆုံးဖြစ်ဖွယ်ရှိတဲ့ ဆားဘီးယားဒိန်ခဲ

ကမ္ဘာ့စျေးအကြီးဆုံးဖြစ်ဖွယ်ရှိတဲ့ ဆားဘီးယားဒိန်ခဲ

ဇူလိုင် ၁ ။           ။ ဆားဘီးယားနိုင်ငံမှာ ထွက်ရှိတဲ့ ဒိန်ခဲတစ်မျိုးကတော့ တန်ဖိုးအားဖြင့် တစ်ကီလိုလျင် ဒေါ်လာ ၁,၁၃၀ (ယူရို ၁,၀၀၀) လောက် ကျသင့်တဲ့အတွက် ကမ္ဘာ့ စျေးအကြီးဆုံးဒိန်ခဲဖြစ်ဖွယ် ရှိနေပါတယ်။

ဒီ ကမ္ဘာ့စျေးအကြီးဆုံး ဒိန်ခဲတစ်မျိုးကိုတော့ ထူးထူးခြားခြားပဲ မြည်းတွေရဲ့ နို့ရည်ကနေ ထုတ်လုပ်ရရှိတာဖြစ်ပါတယ်။

စွဲမက်ဖွယ် အနံ့အရသာရှိ ပျစ်ခဲဖြူနှစ်လှတဲ့ ဒီ မြည်းဒိန်ခဲကတော့ အရသာ ထူးကဲရုံသာမက လူ့ကျန်းမာရေးအတွက်လည်း အင်မတန်ကောင်းလှတယ်ဆိုပြီး ယင်းဒိန်ခဲထုတ်လုပ်တဲ့ စလိုဘိုဒန် စီမစ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ လောက်ကစလို့ စီမစ်နဲ့ ၎င်းရဲ့ တောင်သူအဖွဲ့တစ်ခုဟာ ဆားဘီးယားမြောက်ပိုင်း သဘာဝဥယျာဉ်တောတစ်ခုမှာ နေထိုင်တဲ့ မြည်းကောင်ရေ ၂၀၀ လောက်ကို နို့ညှစ်တဲ့အလုပ်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ယင်း မြည်းနို့ဟာ လူနို့လိုပဲ အလားတူ ဂုဏ်သတ္တိတွေမျိုး ပါနေပြီး ဒါကို ပန်းနာရင်ကျပ်လို ဝေဒနာတွေအတွက် ကုသဆေးတစ်ခုအဖြစ် သုံးနိုင်တယ်လို့ စီမစ်က အမွှမ်းတင်ပြောပါတယ်။

ဒီ မြည်းနို့ကတော့ ပရိုတိန်းဓာတ်ကြွယ်ဝပြီး နွားနို့နဲ့ မတည့်သူတွေအတွက် အစားထိုးသောက်သုံးသင့်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂကလည်း အသိအမှတ်ပြုထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly