အမေရိကန်မှာ လေယာဉ်ငယ်တစ်စင်း ပျက်ကျ၍ လူ ၁၀ ဦး သေဆုံး

အမေရိကန်မှာ လေယာဉ်ငယ်တစ်စင်း ပျက်ကျ၍ လူ ၁၀ ဦး သေဆုံး

ဇူလိုင် ၁ ။          ။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ဇွန်လ ၃၀ ရက်က အင်ဂျင်နှစ်လုံးတပ် ခရီးသည်တင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ခဲ့လို့ လူ ဆယ်ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောပါတယ်။

“ ဒီဖြစ်စဉ်မှာ လေယာဉ်ပေါ်ပါ ဆယ်ဦးစလုံး သေဆုံးသွားပြီး အသက်ရှင်သူ မရှိဘူးလို့ ဒဲလက်စ်ကောင်တီ ဆေးဘက် စစ်ဆေးရေးအရာရှိက အတည်ပြုထားပြီးပါပြီ” လို့ အက်ဒီဆင်မြို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

လေယာဉ်ဟာ ဖလော်ရီဒါပြည်နယ် စိန့် ပီတာစဘာ့ဂ်မြို့ကို ဦးတည်ပျံသန်းခဲ့တာဖြစ်ပြီး လေယာဉ်မှူး နှစ်ဦး၊ ခရီးသည် ရှစ်ဦးတို့ လိုက်ပါသွားတာဖြစ်ကြောင်း အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့ NTSB ရဲ့ ဒုဥက္က႒ ဘရုစ် လန်းစ်ဘာ့ဂ်က ပြောပါတယ်။

လေယာဉ် ပျက်ကျရခြင်းရဲ့ အကြောင်းရင်းကို NTSB က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ယင်းလေယာဉ်ကတော့ အက်ဒစ်ဆင် လေဆိပ်ရှိ အဆောက်အအုံတစ်လုံးပေါ်ကို ထိုးဆင်းပျက်ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly