မက္ကဆီကို မြို့တစ်မြို့မှာ နှင်းခဲမုန်တိုင်း ကျရောက်ပြီး ရေခဲဖုံးလွှမ်း

မက္ကဆီကို မြို့တစ်မြို့မှာ နှင်းခဲမုန်တိုင်း ကျရောက်ပြီး ရေခဲဖုံးလွှမ်း

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၁ ။             ။ မက္ကဆီနိုင်ငံက လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်တဲ့ ဂွါဒါလာဂျာရာမြို့မှာ ဖြစ်ခဲတဲ့ နှင်းခဲမုန်တိုင်း ဇွန် ၃၀ ရက်က ကျရောက်ဖြစ်ပေါ်တာကြောင့် ဒေသခံတွေ ကြောက်ရွံ့တုန်လှုပ်ခဲ့ကြရပါတယ်။

အဲဒီ နှင်းခဲမုန်တိုင်း ကျရောက်တာကြောင့် နှစ်မီတာအမြင့် ရေခဲလွှာ ဖုံးလွှမ်းမှု ဖြစ်ပေါ်ပြီး ကားတွေထဲ ပိတ်မိနေတာတွေ ရှိခဲ့ပါတယ်။

“ကျွန်တော် တစ်သက်နဲ့ တစ်ကိုယ်ဗျာ၊ ဂွါဒါလာဂျာရာမြို့မှာ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြုံဖူးဘူး။”ဆိုပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ရစ်အယ်ဖာရိုက ပြောပါတယ်။

“ဒါကြောင့်ပဲ ကျွန်တော်တို့ ကိုယ်ကိုကို ပြန်မေးနေမိပြီ။ ရာသီဥတု ပြောင်းလဲမှုဆိုတာ တကယ်် သက်ရောက်ဖြစ်ပေါ်နေပြီလားဆိုပြီး။ ဒီလို သဘာဝဖြစ်စဉ်မျိုး တကယ့်ပဲ တစ်ခါမှကို မမြင်ဖူးဘူး။ မယုံနိုင်စရာပဲဗျာ။”လို့ ၎င်းက ပြောပါတယ်။

မက္ကဆီကိုစီးတီးရဲ့ မြောက်ဖက်မှာ တည်ရှိပြီး လူဦးရေး ငါးသန်းနီးပါး ရှိတဲ့ ဂွါဒါလာဂျာရာမြို့ဟာ ပြီးခဲ့တဲ့ ရက်တွေတုန်းက အပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်တာနဲ့ ကြုံခဲ့ရတာပါ။

ရာသီအလိုက် နှင်းမုန်တိုင်း ဖြစ်ပေါ်ပေမယ့် ခုလောက် ပြင်းထန်ဆိုးဝါးတာမျိုး ကြုံခဲ့ရဖူးခြင်း မရှိပါ။

မြို့ပြင်ရပ် ဆင်ခြေဖုံးရပ် ခြောက်ခုမှာ နှစ်မီတာအနက် ရေခဲလွှာတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေရပါတယ်။

ကလေးငယ်တွေကတော့ ခုလို ရုတ်တရက်ဖုံးလွှမ်းသွားတဲ့ နှင်းတွေပေါ် ပြေးလွှားဆော့ကစားနေပြီး တစ်ဦးနဲ့ တစ်ဦး နှင်းဘောလုံးတွေနဲ့ ပစ်ပေါက်နေချိန်မှာ စစ်သားတွေက စက်ကြီးတွေ သုံးပြီး လမ်းတွေကို ရှင်းလင်းဖို့ လုပ်ဆောင်နေပါတယ်။

အခု နှင်းမုန်တိုင်းအတွင်းမှာ အိမ်နဲ့ ရုံးခန်းပေါင်း ၂၀၀ နီးပါး ပျက်စီးတယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly