ကားပါကင် နှင့် ရေ ပြဿနာ ဖြေရှင်းပေးရေး ရန်ကုန်ပြည်သူများ လိုလား

ကားပါကင် နှင့် ရေ ပြဿနာ ဖြေရှင်းပေးရေး ရန်ကုန်ပြည်သူများ လိုလား
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ဇွန်လ ၃၀ ။           ။ ရန်ကုန်မြို့တွင်းတွင် ကားရပ်နားခြင်းနေရာ နှင့် ရေ ရရှိရေးအတွက် ဝန်ဆောင်မှုအမြန်ဆုံးပေးစေလိုကြောင်း သုတေသန စစ်တမ်း တစ်ခုအရ သိရသည်။

ရန်ကုန်မြို့တော် ပြည်သူရေးရာဝန်ဆောင်မှု လုပ်ငန်းများအပေါ် ပြည်သူ့သဘောထားအမြင် စစ်တမ်းသုတေသန စာတမ်းဖတ်ပွဲ ကို ဇွန်လ ၃၀ ရက်နေ့ က ရန်ကုန်မြို့ ရှိ Sedonar ဟိုတယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ ၊ ပညာရှင်များ ၊ အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးခဲ့ကြသည်။

"လူတွေကို မေးခွန်းမေးတဲ့ နေရာမှာ စည်ပင်က ဝန်ဆောင်မှုပေးတဲ့နေရာမှာ ဘယ်ကိစ္စက ဦးစားပေး ဝန်ဆောင်မှုပေးဖို့လို့သလဲ ၊ပေးနေတဲ့ဝန်ဆောင်မှု မှာ တကယ်ရော်ကောင်းရဲ့လား ၊အဲဒီ မေးခွန်း နှစ်ခုမေးတဲ့ဟာ မှာ ကောင်းတယ်ဆို ဒါက ချက်ချင်းလုပ်စရာမလိုပါဘူး ၊ ဝန်ဆောင်မှုလည်းပေးတာမမှန်ဘူး ၊ ကောင်းလည်းမကောင်းဘူုးဆိုရင်တော့ ဒါက ချက်ချင်းလုပ်စရာလိုပါတယ်။ ရန်ကုန်မြို့မှာ ချက်ချင်းလုပ်ပေးဖို့ နေရာက မော်တော်ကား ရပ်တဲ့နေရာတွေ ၊ မော်တော်ကား ကြပ်တဲ့ကိစ္စတွေ နဲ့ ရေ ရရှိရေးကိစ္စ ဒီနှစ်ခုက ချက်ချင်း လုပ်စရာလို့တယ်။ ပြည်သူလုံခြုံရေး ကိစ္စ က အချိန်စောင့်လို့ရပါသေးတယ် " ဟု ရန်ကုန်မြို့တော် ပြည်သူရေးရာဝန်ဆောင်မှု လုပ်ငန်းများအပေါ် ပြည်သူ့သဘောထားအမြင် စစ်တမ်းသုတေသန စာတမ်းဖတ်ပွဲ တွင် East Asia Institute မှာ သုတေသန ပရောဂျက် မန်နေဂျာဖြစ်သူ Mrs.Younghyun Lee  က မဇ္စျိမ သတင်းဌာနကို ပြောသည်။

ပထမဆုံးအကြိမ်ဖြင့် ပြည်သူ့ဝန်ဆောင်များ သုသေတန ပြုလုပ်ချက် ကို ရန်ကုန်မြို့တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး စစ်တမ်း ပြုလုပ်ချက်တွင် ပြည်သူပန်းခြံများ ၊ လမ်းမီးများ ၊ ကားရပ်နားခြင်းများ ၊ ရေ ရရှိရေး ၊ လမ်းဘေးခွေးကိစ္စ ၊ အမှိုက်ပြသာနာ  နှင့် စျေး ကိစ္စများ  တို့ကို ဝန်ဆောင်မှု များ မြန်မြန်ပေးစေလိုကြောင်း သိရသည်။

အဆိုပါ စစ်တမ်း သုတေသန စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ကို ပြည်သူ့ဝန်ဆောင်မှုပေးနေသည့် သက်ဆိုင်ရာ ဌာန ဆိုင်အချို့မှ တတ်ရောက်လာခြင်းမကြောင်းသိရသည်။

" သက်ဆိုင်ရာ YCDC က တာဝန်ရှိတဲ့သူတွေ လာနားထောင် မယ်ဆို ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိမယ်။ သူတို့တွေအနေနဲ့ ငါတို့ကို ဒီအပိုင်းတွေမှာ စစ်တမ်းတွေအရ ဒီလိုတွေပြောနေကြတယ်။လူတွေရဲ့ ကျေနပ်မှုကဒီလိုရှိနေတယ်။ဒီအပိုင်းတွေမှာ လူတွေက ပြောနေကြတယ်။ ဆိုတာက သူတို့သိရရင်ပိုကောင်းပါတယ်။ ဒီနေ့ကတော့ မတွေ့ရဘူး၊ ကောင်းတာကတော့ ဒီစာအုပ်တွေကို YCDC ကိုအရောက်ပို့ပေးပြီးတော့ ဌာနတစ်ခုခြင်းစီ သက်ဆိုင်တဲ့ သူတွေကိုပို့ပေးပြီးတော့ ဒီအပေါ်မှာသူတို့တွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မယ်။ လူတွေရဲ့လိုအပ်ချက်တွေကို ဘယ်လိုမျိုးဖြည့်ဆည်း ပေးနိုင်မလဲ စဉ်းစားပေးနိုင်မယ် ဆိုရင် ပိုကောင်းမှပါ " ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဒေါ်ကြည်ပြာ က မဇ္စျိမ သို့ ပြောသည်။

အဆိုပါ စစ်တမ်းကို Another Development မှ ဦးဆောင်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ တွင် ရန်ကုန်မြို့အတွင်း ၃၃ မြို့နယ်မှ ပြည်သူ  ၄၈၅ ဦးကို စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly