စစ်မဲ့ဇုန်၌ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်း တွေ့ဆုံကြလိမ့်မည်ဟု မွန်းဂျေအင်း ပြော

စစ်မဲ့ဇုန်၌ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်း တွေ့ဆုံကြလိမ့်မည်ဟု မွန်းဂျေအင်း ပြော

ဇွန် ၃၀ ။            ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကိုရီးယားစစ်မဲ့ဇုန်၌ ယနေ့ ဇွန်လ ၃၀ ရက်တွင် တွေ့ဆုံလိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြောဆိုလိုက်သည်။

“ အမေရိကန်နဲ့  မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး ဒီနေ့ ပန်မွန်ဂျွန်မှာ လက်ဆွဲနှုတ်ဆက်ကြပါလိမ့်မယ်” ဟု မွန်းက ပြောသွားခဲ့သည်။

ထရမ့်ကလည်း ၎င်းအနေနဲ့ ဇွန်လ ၃၀ တွင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံရန် ရှိနေပြီး စစ်မဲ့ဇုန်သို့ ဦးတည်သွားရောက်တော့မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောသွားသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇွန်လ ၃၀ ရက်တွင် ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်သို့ ဦးတည်သွားရောက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း အစောပိုင်းသတင်းများအရလည်း သိရသည်။

အစောပိုင်းက ယင်းစစ်မဲ့ဇုန်၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ချင်သည်ဟု ထရမ့်က အစောပိုင်းတုန်းက တွစ်တာကနေတဆင့် ဖိတ်ကြားထားခဲ့ခြင်းဖြစ်သည်။

 “ ကင်မ်ကလည်း ကျွန်တော်နဲ့ အရမ်းကို တွေ့ချင်နေပါလိမ့်မယ်” ဟုလည်း ဇွန်လ ၃၀ ရက်တွင် ထရမ့်က ပြောသည်။

ခေါင်းဆောင်နှစ်ဦးမှာ ပြီးခဲ့သည့် ကာလအတွင်း စင်ကာပူနှင့် ဟနွိုင်းတို့တွင် နှစ်ကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံထားခဲ့ကြပြီးနောက် ယခု ထပ်မံတွေ့ဆုံကြရန်အတွက် ထရမ့်ဘက်က ဆိုင်းမဆင့် ဗုံမဆင့် ဖိတ်ခေါ်ကမ်းလှမ်းခြင်း ဖြစ်သည်။

ယခုတွေ့ဆုံမှုမှာ ခေါင်းဆောင်နှစ်ဦးအကြား တတိယမြောက် တွေ့ဆုံမှုလည်း ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly