ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ဟောင်ဂျင်ယောင်

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ဟောင်ဂျင်ယောင်

တောင်ကိုရီးယားအဆိုတော် ဟောင်ဂျင်ယောင်သည် အောက်တိုဘာ ၉ ရက် နံနက်အစော ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဟောင်ဂျင်ယောင် စီးလာသောကားနှင့် ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့ကြောင်းနှင့် ဟောင်ဂျင် ယောင်၏ ကားသည် ပျက်စီးခဲ့ပြီး ကားရှေ့ပိုင်းသည် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။

ဟောင်ဂျင်ယောင်သည် ဘူဆန်ရှိ ကောလိပ်တွင် ဖျော်ဖြေပွဲပြီးနောက် ဆိုးလ်မြို့သို့ ပြန်လာ စဉ် ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဟောင်ဂျင်ယောင် စီးလာသော ကားသည် နံနက် ၁ နာရီခန့်က လမ်းဆုံတွင် ထရပ်ကားတစ်စီးကို တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ယာဉ်တိုက်မှု ဖြစ်ပွားပြီးတဲ့နောက် ကျွန်မတို့ ဆေးရုံကို ချက်ချင်း သွားခဲ့တယ်။ ဘယ်သူမှ ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး။ အကုန်လုံး အိမ်ပြန်သွားခဲ့ကြတယ်” ဟု ဟောင်ဂျင်ယောင်၏ ကိုယ်စား လှယ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly