ခန္ဓာကိုယ်ရှိ အင်္ဂါများ ရောင်ရမ်းမှု ရောဂါကို ခံစားနေရတဲ့ ဆလီနာဂိုမက်ဇ်

ခန္ဓာကိုယ်ရှိ အင်္ဂါများ ရောင်ရမ်းမှု ရောဂါကို ခံစားနေရတဲ့ ဆလီနာဂိုမက်ဇ်

ပေါ့အဆိုတော် တစ်ဦးဖြစ်ပြီး သရုပ်ဆောင် တစ်ဦးဖြစ်သူ ဆလီနာဂိုမက်ဇ်က autoimmune ကြောင့် ခန္ဓာကိုယ်ရှိ အင်္ဂါများ ရောင်ရမ်းမှုရောဂါကို ခံစားနေရကြောင်း ယခုအခါ ရောဂါအခြေအနေ မှာ သက်သာနေပြီဖြစ်ကြောင်း  တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်။

“ ကျွန်မ ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါတွေ ရောင်ရမ်းတဲ့ ရောဂါကို ခံစားနေရပါတယ်။ ကျွန်မ ဓာတု ကုထုံးနဲ့ ကုသနေပါတယ်” ဟု အသက် ၂၃ နှစ်အရွယ်ရှိ ဂိုမက်ဇ်က ဘေလ်ဘုတ်မဂ္ဂဇင်းကို ပြောကြား ခဲ့သည်။ ရောဂါကြောင့်  အနားယူဖို့ လိုအပ်သည့်အတွက် ရုရှနှင့် သြစတြေးလျနိုင်ငံတွင် ကျင်းပပြု လုပ်မည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့ရကြောင်း ဂိုမက်ဇ်က ပြောကြားခဲ့သည်။

ဆလီနာဂိုမက်ဇ်သည် The Wizards of Waverly Place ဇာတ်ကားတွင် သရုပ်ဆောင်ရာမှ  Disney ရုပ်သံလိုင်း မင်းသမီးအဖြစ် နာမည်ကြီး ကျော်ကြားခဲ့ကြောင်းနှင့် ဂိုမက်ဇ်သည် သရုပ်ဆာင် အလုပ်ကို မလုပ်မီ အဆိုတော်တစ်ဦးအဖြစ် အနုပညာလုပ်ငန်းများကို စတင်ခဲ့ပြီး ၎င်း၏ Love You Like A Love Song တေးသီချင်းသည် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။

ဂိုမက်ဇ်သည် အောက်တိုဘာ ၉ ရက်တွင် ၎င်း၏ တေးသီချင်းအယ်လ်ဘမ် Revival ကို ဖြန့်ချိသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဆေးဝါးကုသမှု ခံယူလျက် ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ ၁ ဒသမ ၅ သန်းသည် autoimmune ကြောင့် ခန္ဓာ ကိုယ်ရှိ အင်္ဂါများ ရောင်ရမ်းမှုရောဂါကို ခံစားနေကြောင်း Lupus Foundation of America ၏ ပြောကြားချက် အရ သိရသည်။ အဆိုပါ ရောဂါသည် အများအားဖြင့် အသက် ၁၅ နှစ်နှင့် ၄၄ နှစ်အ ကြားရှိ အမျိုးသမီးများတွင် ဖြစ်ပွားလေ့ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly