တိုင်းအစိုးရနှင့် အုပ်ချုပ်ရေး အဖွဲ့များ တောင်သူလယ်သမားကြီးများနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

29 June 2019
တိုင်းအစိုးရနှင့် အုပ်ချုပ်ရေး အဖွဲ့များ တောင်သူလယ်သမားကြီးများနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

တိုင်းအစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တောင်သူလယ်သမားကြီးများနှင့် တွေ့ဆုံရန် တိုင်း အစိုးရအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်သည်။

"တောင်သူလယ်သမားကြီးတွေရယ်၊ကျွန်မတို့ အစိုးရများရယ် ပိုပြီးထိတွေ့ဖို့လိုပါတယ်။ တောင်သူ လယ်သမားကြီးတွေရယ်၊ အစိုးရရယ်၊ လုပ်ငန်းရှင်တွေရယ် ဒီဆွေးနွေးပွဲမှာ အားလုံး ပါပါတယ်။ ဒီလိုဟာမျိုးဆိုတာ တစ်ခါတခါတွေ့ဆုံတာမျိုးမပြီးပါဘူး။ တစ်ချိန်လုံး ဆက်သွယ်မှုက ရှိနေဖို့ လိုပါ တယ်။ အဓိက တာဝန်ဟာ ဘယ်သူ့မှာရှိလည်းဆို တိုင်းအစိုးရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည် ထောင်စု အစိုးရက တစ်ချိန်လုံး ဆင်းဖို့ဆိုတာမဖြစ်ပါဘူး။ တစ်တိုင်းပြည်လုံးကို မျှပြီး လုပ်ရပါတယ်။ ဧရာဝတီတိုင်း တစ်ခုထဲအတွက် မဟုတ်ဘူး။ တခြား တိုင်းနဲ့ ပြည်နယ် ၁၃ခု အတွက် လုပ်ရတာ ဖြစ်ပါတယ်။ ကျွန်မ ဆော်ဩချင်တာတစ်ခုက ဧရာဝတီသည် စိုက်ပျိုးမွေးမြူရေးကို အင်မတန်မှ အားကိုးအခြေခံရတဲ့ တိုင်းတစ်ခုမှဆိုရင် တိုင်းအစိုးရအဖွဲ့ဝင်များဟာ နောက်ပြီး အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တိုင်းအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဝန်ထမ်းများဟာ တောင်သူလယ်သမားကြီးတွေနဲ့ ပတ်သက်လို့ အမြဲတမ်းထိတွေ့ဖိုလိုအပ်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဓနုဖြူမြို့နယ်တွင် တောင်သူလယ်သမား များနှင့် ဇွန်လ၂၈ရက်နေ့က တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး တောင်သူများက ဒေသအတွင်း လိုအပ်ချက် အခက် အခဲများကို တင်ပြမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly