ဘာစီလိုနာအသင်းထံ အနှေးနဲ့အမြန်ဆိုသလို ပြန်သွားမယ်လို့ ဝန်ခံပြောဆိုသွားတဲ့ ဂွာဒီယိုလာ

ဘာစီလိုနာအသင်းထံ အနှေးနဲ့အမြန်ဆိုသလို ပြန်သွားမယ်လို့ ဝန်ခံပြောဆိုသွားတဲ့ ဂွာဒီယိုလာ
Photo: EPA

ပက်ဂွာဒီယိုလာက မန်ချက်စတာစီးတီးနဲ့ သူ့ရဲ့ စာချုပ်က လက်ကျန် (၂)နှစ်သာ ရှိတော့တာကြောင့် သူ့အနေနဲ့ တစ်နေ့မှာ ဘာစီလိုနာထံ ပြန်သွားလိမ့်မယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာဟာ သူ့ရဲ့ နည်းပြဘဝကို နူးကမ့်မှာ စတင်ခဲ့ပြီး ဘာစီလိုနာအသင်းကို ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ (၄)နှစ်ကြာ ကိုင်တယ်ခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့ပြီးတဲ့နောက် ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးကို ပြောင်းလဲကိုင်တွယ်ခဲ့တာဖြစ်ပြီး လက်ရှိကလပ် မန်စီးတီးအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

သူဟာ နေထိုင်ဖို့ သူ့ရဲ့ ဇာတိမြေကို ပြန်သွားဖို့ စိတ်အားထက်သန်နေပေမယ့် ဘာစီလိုနာအသင်း ဥက္ကဋ္ဌရာထူးကို ရယူဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

အသက် (၄၈)နှစ်အရွယ်ရှိ ဂွာဒီယိုလာက "ကျနော် ဘာစီလိုနာအသင်းကို အနှေးနဲ့အမြန်ဆိုသလို ပြန်သွားပါလိမ့်မယ်။ ဒါပေမယ့် အသင်းဥက္ကဋ္ဌအဖြစ်နဲ့တော့ မဟုတ်ပါဘူး။ ဒီအကြောင်းကို မေ့လိုက်ပါ။"လို့ ပြောပါတယ်။

"အသင်းဥက္ကဋ္ဌတစ်ယောက်ဖြစ်ဖို့ရာ ဗဟုသုတတွေ ရှိရမှာဖြစ်ပေမယ့် ကျနော်မှာ အဲဒါတွေ မရှိပါဘူး။

"ကျနော်က နည်းပြကောင်းတစ်ယောက်ဖြစ်ဖို့ပဲ ကြိုးစားနေသူပါ။ ကျနော် ဘာစီလိုနာကို နေထိုင်ဖို့ ပြန်သွားမှာပါ။"

ဂွာဒီယိုလာဟာ ဘာစီလိုနာကို ပြန်သွားချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာက ဒါဟာဆိုရင် ပထမဆုံးအကြိမ် မဟုတ်ခဲ့ပါဘူး။ သူဟာ ဘာစီလိုနာမှာ လူငယ်အသင်းနည်းပြအဖြစ် စတင်ခဲ့တဲ့ နေရာကို ပြန်သွားပြီး နည်းပြဘဝကနေ အနားယူလိုတယ်လို့ ၂၀၁၈ ခုနှစ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly