စစ်ဖြစ်ရင် အချိန်တိုအတွင်း အဆုံးသတ်နိုင်မယ်လို့ ထရမ့်က အတွေးမှားနေလို့ အီရန် ပြော

စစ်ဖြစ်ရင် အချိန်တိုအတွင်း အဆုံးသတ်နိုင်မယ်လို့ ထရမ့်က အတွေးမှားနေလို့ အီရန် ပြော

တီဟီရန်၊ ဇွန် ၂၈ ။        ။ အီရန်နဲ့ အမေရိကန်ကြား စစ်ဖြစ်တယ်ဆိုရင် အချိန်ကြာကြာ တိုက်နေရမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အတွေးမှားနေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က ဇွန် ၂၇ ရက်မှာ သတိပေးပြောဆိုပါတယ်။

“အီရန်နဲ့ စစ် ကြာကြာ မတိုက်ရဘူးဆိုတာ တကယ် အထင်မှားနေတာပဲ။”လို႔ ဇာရစ်က တွစ်တာကနေ ရေးသားပါတယ်။ ထရမ့်က သူ့အနေနဲ့ အီရန်နဲ့ စစ်မဖြစ်လိုပေမယ့် တကယ်လို့ စစ်တိုက်ရပြီဆိုရင်လည်း အချိန်ကြာမှာ မဟုတ်ဘူးလို့ ပြောလာပြီးနောက်မှာ ဇာရစ်က တွစ်တာကနေ ရေးသားလာတာပါ။

“စစ််စတိုက်သူဟာ ဒီ စစ်ပွဲကို အဆုံးသတ်နိုင်မယ့်သူ မဟုတ်ဘူး။”လို့ ဇာရစ်က ထပ််ဆင့်ရေးသားထားပါတယ်။

တကယ်လို့ စစ်ဖြစ်လာရင်လည်း လေကြောင်းထိုးစစ်သာ ဖြစ်မှာဖြစ်ပြီး အမေရိကန်က ကြည်းတပ်သုံးလိမ့်မှာ မဟုတ်ဘူးလို့ ဇွန် ၂၆ ရက်မှာ  ထရမ့်က စောင်းပါးရိပ်ခြည် ပြောထားပါတယ်။

Fox Business Network နဲ့ အင်တာဗျူးရာမှှာ အီရန်နဲ့ အမေရိကန် စစ်ဖြစ်တော့မှာလားဆိုတဲ့ အမေးကို ထရမ့်က “အင်း၊ ကျွန်တော်တို့ စစ်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် တစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင်လည်း ကျွန်တော််တို့က အားအသာဖက်မှှာ ရှိနေပါတယ်။”လို့ ထရမ့်က ဖြေဆိုပါတယ်။

“အဲဒီလို စစ်ဖြစ်ပြီဆိုရင်လည်း စစ်ပွဲက သိပ်ကြာမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောနိုင်တယ်။ ပြီးတော့ ကြည်းတပ် သုံးမှာလည်း မဟုတ်ဘူးဆိုတာ ပြောလိုတယ်။”လို့ ထရမ့်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly