ရုရှား အရှေ့ပိုင်းမှာ လေယာဉ်ပျက်ကျတာကြောင့် လူ နှစ်ဦး သေဆုံးကာ လေးဆယ်ကျော် ဒဏ်ရာရ

ရုရှား အရှေ့ပိုင်းမှာ လေယာဉ်ပျက်ကျတာကြောင့် လူ နှစ်ဦး သေဆုံးကာ လေးဆယ်ကျော် ဒဏ်ရာရ

မော်စကို၊ ဇွန် ၂၇ ။         ။ ရုရှားနိုင်ငံ အရှေ့ပိုင်း နီဇန်နန်ဂါစကီလေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရာကနေ ပျက်ကျတာကြောင့် လူနှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်များစွာ ရှိတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

An – 24 ခရီးသည်တင် လေယာဉ် ပျက်ကျမှု ဖြစ်ရာမှာ လေယာဉ်မှူး နှစ်ဦး သေဆုံးတာဖြစ်ပြီး အရွယ်ရောက်သူ ၄၂ ဦးနဲ့ ကလေးငယ်တစ်ဦးတို့ကို ကယ်တင်ခဲ့ရတယ်လို့ ဘာယာတီယာဒေသ အာဏာပိုင်ရုံးက ပြန်ကြားရေးတာဝန်ခံက မီဒီယာကို ပြောပါတယ်။

ဒဏ်ရာရသူဟာ ၂၂ ဦး ရှိပြီး ၁၅ ဦးကို ဆေးထည့်ဆေးပေး ကုသခဲ့ရပြီး ခုနစ်ဦးကိုတော့ ဆေးရုံတင်ထားတယ်လို့ ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီ လေယာဉ်ဟာ နီဇန်နန်ဂါစကီလေဆိပ်ကနေ အူလန်အူဒီဆီ ပျံသန်းချိန်မှာ အင်ဂျင်တစ်လုံး ချွတ်ယွင်းမှု ဖြစ်တာကို သိရှိပြီး လေယာဉ်မှူးတွေက လေဆိပ်ဆီ ပြန်ဆင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

“အဆင်းမှာ လေယာဉ်ကို ရပ်တန့်ဖို့ လုပ်ရာမှာ တစ်ပတ်လည်သွားပြီး အဆောက်အအုံတစ်ခုကို ဝင်တိုက်တာပါ။ ဒီလို ဝင်တိုက်ပြီး မီးလောင်တော့တာ ဖြစ်ပါတယ်။”လို့ ရုရှားအရေးပေါ် ဝန်ကြီးဌာနက ထုတ်ပြန်တာကို TASS သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်နေ့က မော်စကိုက ရှာရီမီတိုင်ယီဗိုလေဆိပ်မှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ချိန် မီးလောင်လို့ လူပေါင်း ၄၁ ဦးအထိ သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly