ဥရောပဒေသ အပူလှိုင်းကျမှုက ပိုပြင်းထန်လာပြီး သတိပေးချက်များ ထုတ်ပြန်ထားရ

ဥရောပဒေသ အပူလှိုင်းကျမှုက ပိုပြင်းထန်လာပြီး သတိပေးချက်များ ထုတ်ပြန်ထားရ

ဇွန် ၂၇ ။           ။ ဥရောပဒေသမှာ စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုက ဇွန်လ ၂၇ ရက်တွင် ပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းထားပြီး ဒေသတစ်ချို့မှာ အပူချိန်များသည် ၄၀ ဒီဂရီ ဆဲစိယက်စ်ကို ကျော်တက်သွားနိုင်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက သတိပေးချက်ထုတ်ထားရသည်။

အပူချိန် ပြင်းထန်မှုကြောင့် ပြင်သစ်တွင် ယာဉ်ကြောအသွားအလာ ကန့်သတ်မှုများဖြစ်စေခဲ့သလို ပြည်သူများကို တင်းကျပ်သည့် သတိပေးချက် ထုတ်ထားရသည်။ စပိန်တွင်လည်း အပူရှိန်မြင့်တက်မှုနဲ့အတူ တောမီးလောင်ကျွမ်းမှုများကို ဖြစ်ပေါ်ထားစေလျက် ရှိသည်။

ဂျာမနီတွင်လည်း အပူချိန်ပြင်းထန်မှုကြောင့် ဒေသခံပြည်သူများ အဝတ်အစား ဗလာကျင်းကာ နေထိုင်ရမှုများ ရှိသည့်အတွက် ယင်းနဲ့ပတ်သက်လို့ ဆွေးနွေးမှုများ ပြုလုပ်နေရလျက် ရှိသည်။

အီတလီတွင်လည်း ခရီးသွားများ၊ ဒေသခံများမှာ အပူချိန်ပြင်းထန်မှုနှင့် ကြုံတွေ့ခံစားနေရလျက် ရှိသည်။

ယခု ဥရောပဒေသတွင်း အပူလှိုင်းဖြတ်သန်းမှုကြောင့်အပူချိန်မှာ လက်ရှိတွင် ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ပြီး ဇွန်လ ၂၈ ရက်တွင်လည်း စပိန်၊ ပြင်သစ်နှင့် ဂရိတို့တွင်လည်း ၄၀ ဒီဂရီ ဆဲစိယက်စ်အထက် ဆက်ရှိနေဦးမည်ဟု ခန့်မှန်းရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly