သင့်တင်ကို ကြီးပြီးကိတ်လာစေမယ့် အစားအသောက်တွေ

သင့်တင်ကို ကြီးပြီးကိတ်လာစေမယ့် အစားအသောက်တွေ

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပြည့်ပြည့်ဝန်းဝန်း ပုံကျတဲ ့တင်ပါးလေးကို ဘယ်သူက မလိုချင်ဘဲ ရှိမလဲနော်။ ခုခေတ်က ကိတ်မှ လှတဲ့ခေတ်မလား။ ဒီတော့ တင်ပါးကိတ်လာအောင်လို့ လေ့ကျင့်ခန်း တွေ လုပ်ရတာ လူသာပင်ပန်းပြီး ခရီးသိပ်မရောက်ဘဲ ဖြစ်နေပြီလား။ တကယ်တော့ လှပတဲ့ကိုယ်ခန္ဓာတစ်ခုကို တည်ဆောက်တဲ့နေရာမှာ လေ့ကျင့်ခန်းအပြင် အစားအသောက်ပါ ကူမှရမှာပါ။ ဒီတော့ ဘယ်လို  အစားအသောက်တွေက တင်ပါးကို ကြီးပြီး ကိတ်လာစေမှာလဲ ။ ။
တင်ပါးအကိတ်တစ်လိုင်းထဲ ရောက်စေမယ့် အစားအသောက်တွေ ။  ။
( ၁ ) ကြက်ဥ

ကိုယ်လိုချင်တဲ့ တင်ပါးပြည့်ပြည့်လေးကို ကြွက်သားတွေနဲ့ တည်ဆောက်မှ ရတော့မှာဆိုတော့  ပရိုတင်းရှိဖို့လိုတယ်လေ။ ကြက်ဥတို့ ဘဲဥတို့ကရတဲ့ ပရိုတင်းလောက် ကျန်းမာရေးကို အထောက်အကူပြုတာ မရှိတဲ့အတွက် ကြက်ဥတွေ ဘဲဥတွေက တင်ပါးကို ကြီးပြီးကိတ်စေမယ့် အစားအသောက်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတာပေါ့့။
( ၂ ) ကန်စွန်းဥ

ဝိတ်လျှော့တဲ့သူတိုင်းအတွက်၊ ကြွက်သားတက်အောင် တည်ဆောက်နေတဲ့သူတိုင်းအတွက် ဒီ ကစီ ဓာတ်ကြွယ်ဝတဲ့ ကန်စွန်းဥလေးက ဆောင်ကိုဆောင်ထားသင့်တဲ့ စားစရာတစ်ခုပါ။
( ၃ ) ထောပတ်သီး

ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီနဲ့ အမျှင်ဓာတ်တွေ သင့်တင်ကို အလှဆုံးဖြစ်အောင် ပုံဖော်ပေးနိုင်မယ့် အရာတွေပါ။ နောက်ပြီး ကြွယ်ဝတဲ့ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပေးတဲ့ အရာတွေပါ။
( ၄ ) ဒိန်ချဉ်

ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီဓာတ်တွေကြောင့် သင့်တင် ကိတ်လာမှာ အသေအချာမို့ တင်ပါးကြီးချင်သူတိုင်း ဒိန်ချဉ်ကို စားပေးသင့်တယ်နော်။
( ၅ ) အစေ့အဆံတွေ

ဗန်ဒါစေ့၊ နေကြာစေ့နဲ့ သစ်ကြားသီး စေ့တွေကို တစ်နေ့ လက်တစ်ဆုပ်လောက်စားပေးရင် သင့်တင်ကို ကြီးလာစေမှာပါတဲ့။ ဘာ့ကြောင့်လဲဆိုတော့ အစေ့အဆံတွေမှာပါတဲ့ မပြည့်ဝဆီတွေနဲ့ ပရိုတင်းဓာတ်တွေက သင့်တင်ပါးက ကြွက်သားတွေကို ကြီးလာစေမှာကြောင့်ပါ။
( ၆ ) ငါး

ငါးမှာပါဝင်တဲ့ အဆီမပါတဲ့ ပရိုတင်းနဲ့ အိုမီဂါ 3 တို့က သင့်တင်ကို ကြီးပြီးကိတ်လာစေမှာအသေအချာပါ။ ငါးစားရင် အသက်ပိုရှည်တယ်ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မလား။ တင်ပါးအတွက်ဆိုရင် ငါးထဲမှာ တူနာငါးကသာ အကောင်းဆုံးပါ။
( ၇ ) ကြက်သား

ကြက်သားလောက် အဆီမပါတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အသားမရှိပါဘူး။ ဒါ့ကြောင့် တင်ပါးကြီးချင်လို့ ပရိုတင်းတွေ စားပေးနေရတဲ့သူတွေ အဖို့ ကြက်သားကသာ အစားပေးသင့်ဆုံး အသားတစ်ခုပါ။
( ၈ ) ပဲအမျိုးမျိုး

ပရိုတင်းဓာတ်လည်းကြွယ်ဝ၊ ကယ်လိုရီလည်းနည်းပြီး အမျှင်ဓာတ်တွေ  အများကြီးပါတဲ့ ပဲ အမျိုးမျိုးဟာ သင့်တင်ပါးကို ကြီးပြီး ကိတ်လာစေမယ့် အစားအသောက်တွေထဲက တစ်ခုပါ ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly