ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်ဆုကို ပြင်သစ် စားသောက်ဆိုင်တစ်ဆိုင် ရရှိ

ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်ဆုကို ပြင်သစ် စားသောက်ဆိုင်တစ်ဆိုင် ရရှိ

ဇွန် ၂၆ ။           ။ ဇွန်လ ၂၅ ရက်က စင်ကာပူမှာ ပြုလုပ်တဲ့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် ဆုချီးမြင့်ပွဲအခမ်းအနားတစ်ခုမှာ ပြင်သစ်နိုင်ငံက Mirazur စားသောက်ဆိုင်က ကမ္ဘာ့အကောင်းဆုံးဆု ရရှိသွားတယ်လို့ သိရပါတယ်။

နှစ်စဉ် ချီးမြှင့်နေကျ အဆိုပါ ကမ္ဘာ့ အကောင်းဆုံး စားသောက်ဆိုင် ၅၀ စာရင်းမှာတော့ ယင်း Mirazur က နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

မော်ရို ကိုလာဂရီကို အမည်ရ အာဂျင်တီးနား စားဖိုမှူးတစ်ဦးဖြစ်တဲ့ ဦးဆောင်လုပ်ကိုင်နေတဲ့ Mirazur ကတော့ ယင်းရဲ့ ထူးခြားကောင်းမွန်တဲ့ ဟင်းပွဲတွေအတွက် နာမည်ရလျက် ရှိပါတယ်။

“ ဒီဆုရတာက ကျွန်တော်တို့ရဲ့ ကြိုးစားမှု၊ ကျွန်တော်တို့ အယူအဆ၊ ကျွန်တော်တို့အလုပ်အပေါ် အသိအမှတ်ပြုလိုက်တာလို့ပဲ မြင်ပါတယ်၊ ဒါ တကယ် အံ့မခန်းပါပဲ၊ ရှေ့ဆက် ဘာလုပ်မယ်ဆိုတာကို မစဉ်းစားထားသေးပါဘူး၊ ကျွန်တော်တို့ကတော့ နေ့တိုင်း အကောင်းဆုံး လုပ်နေပါတယ်၊ နောက်ထပ်လည်း ပိုကောင်းအောင် လုပ်သွားမှာဖြစ်ပါတယ်” လို့ မော်ရို ကိုလာဂရီကိုက ပြောသွားပါတယ်။
 

Mizzima Weekly