၂၀၃၄ ကမ္ဘာ့ဖလားပွဲကို အာဆီယံဒေသမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်းမည်

၂၀၃၄ ကမ္ဘာ့ဖလားပွဲကို အာဆီယံဒေသမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်းမည်
Photo: EPA

ဇွန် ၂၆ ။       ။ လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပွဲကို အာဆီယံဒေသမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့အတွက် ဒေသတွင်းနိုင်ငံတွေအနေနဲ့ ပူးပေါင်းကြိုးပမ်းသွားနိုင်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ဘောလုံးကို အင်မတန်ရူးသွပ်တဲ့ ဒေသမှာ ကမ္ဘာ့အကြီးကျယ်ဆုံးသော အားကစားပွဲကြီး ပထမဆုံံးအကြိမ် ကျင်းပတာကို မြင်ရအောင် ကြိုးပမ်းမယ့် အားထုတ်မှုတစ်ခုလည်း ဖြစ်လာမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ ကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပထားနိုင်တဲ့ အာရှနိုင်ငံတွေဆိုလို့ ၂၀၀၂ တုန်းက ဂျပန်နဲ့ တောင်ကိုရီးယားတို့ပဲ ရှိပါသေးတယ်။

ကြီးမားတဲ့ အားကစား စျေးကွက်၊ အခြေခံအဆောက်အအုံတွေ ကိုက်ညီမှုတို့ ရှိနေတဲ့ တရုတ်ကတော့ ဒီ ပြိုင်ပွဲကြီးကို လက်ခံကျင်းပခွင့်ရနိုင်တဲ့ နောက်ထပ် အလားအလာရှိ အာရှနိုင်ငံအဖြစ် ရှိနေပါတယ်။

ဒါပေမယ့်လည်း ဆယ်နိုင်ငံပါ အာဆီယံအုပ်စုကတော့ ယခုပြီးခဲ့တဲ့အပတ်က ဘန်ကောက်မှာ တွေ့ဆုံစည်းဝေးခဲ့စဉ်မှာ ဒီ ပြိုင်ပွဲကြီး လက်ခံကျင်းပခွင့်ရမယ့် အခွင့်အရေးကို အာရှ စူပါ ပါ၀ါ နိုင်ငံကြီးဆီကနေ လုယူဖို့ စိတ်အားထက်သန်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly