အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်လာစဉ် အပြန်အလှန် ထိန်းချုပ်ကြဖို့ တရုတ် တိုက်တွန်း

အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်လာစဉ် အပြန်အလှန် ထိန်းချုပ်ကြဖို့ တရုတ် တိုက်တွန်း

ဇွန် ၂၅ ။      ။ အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ ပိုမို အရှိန်မြင့်လာနေစဉ် နှစ်ဘက်စလုံးအနေဖြင့် တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန်အတွက် တရုတ်က ဇွန်လ ၂၅ ရက်မှာ တိုက်တွန်းသွားပါတယ်။

ဒါဟာ အီရန်အပေါ် ဆန်ရှင်သစ်တွေ ချမှတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြီးနောက်ပိုင်း နှစ်ဘက်အကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

“ ဖိအားပေးမှု နည်းလမ်း ကျင့်သုံးခြင်းက ပြဿနာကို ကူညီပြေလည်စေမှာ မဟုတ်ဘူးလို့ မိမိတို့ ယုံကြည်ထားပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang က ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။

“ အထောက်အထားအချက်အလက်တွေအရလည်း ဒီလို ဖိအားပေးလုပ်ဆောင်မှုတွေက ဆန့်ကျင်ဘက်သက်ရောက်မှုတွေသာ ဖြစ်စေပြီး ဒေသတွင်း မတည်ငြိမ်မှုကို ပိုဖြစ်စေပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ပင်လယ်ကွေ့ ရေလမ်းကြောင်းတွေမှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်နဲ့ အီရန်အကြား ဆက်ဆံရေး ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly