ပြင်သစ်မှာ ထူးထူးခြားခြား ကျင်းပတဲ့ မုတ်ဆိတ်မွှေး ပြိုင်ပွဲ

ပြင်သစ်မှာ ထူးထူးခြားခြား ကျင်းပတဲ့ မုတ်ဆိတ်မွှေး ပြိုင်ပွဲ

ဇွန် ၂၅ ။          ။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ထူးထူးခြားခြား မုတ်ဆိတ်မွှေး ချန်ပီယံ ပြိုင်ပွဲ တစ်ရပ်ကို ဇွန်လ ၂၂ ရက်က ကျင်းပခဲ့ရာမှာ ဒါဇင်နဲ့ချီတဲ့ အမျိုးသားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီ French Beard Championships မုတ်ဆိတ်ပြိုင်ပွဲမှာ ဆိုရင် ပါဝင်ယှဉ်ပြိုင်တဲ့ အမျိုးသားတွေဟာ ၎င်းတို့တွေရဲ့ တမူထူးခြားတဲ့ မုတ်ဆိတ်တွေကို ဂုဏ်ယူစွာ လာရောက်ပြသခဲ့ကြပါတယ်။

ပါရီမှာ ဒီပြိုင်ပွဲကို ကျင်းပလာခဲ့တာ ဒါနဲ့ဆိုရင် သုံးနှစ်ရှိသွားပြီလို့လည်း သိရပါတယ်။

ဒီ နှစ်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲအမျိုးအစား ၁၅ ခု ပါဝင်ပြီး ပြိုင်ပွဲဝင် ၈၆ ဦးတို့က အရှည်၊ စတိုင်ပုံစံ အမျိုးမျိုးနဲ့ ရှိနေတဲ့ မုတ်ဆိတ်တွေကို လာရောက်ထုတ်ဖော်ရင်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly