ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ကလေးငယ်လေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့အတွက် မိဘတွေအရေးတကြီးလုပ်ရမယ့်အထဲမှာ ကာကွယ်ဆေးထိုးတာလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါတွေနဲ့ ပြင်းထန်ဆိုးရွားတဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို မဖြစ်မနေထိုးရပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးမှာရော အဖေအမေတွေမှာပါ ဖိအားလေးတွေတော့ရှိပါတယ်။
ကာကွယ်ဆေးထိုးတာကြောင့် ကလေးမှာဘာတွေဖြစ်နိုင်လဲ

ကာကွယ်ဆေးထိုးပေးတာက ကလေးကို ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေမဖြစ်လာအောင် ကာကွယ်တာဆိုပေမယ့် အန္တရာယ်မရှိတဲ့ အသေးစားထိခိုက်မှုလေးတွေရှိနိုင်ပါတယ်။ အသေးစားထိခိုက်မှုလေးတွေက –

   

  • ကာကွယ်ဆေးထိုးထားတဲ့ နေရာတဝိုက် နီမြန်းရောင်ရမ်းတာ
  •     ကာကွယ်ဆေးထိုးပြီးနောက် အဖျားတက်တာမျိုးပါ

ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်လာတဲ့ အဖျားက ကလေးတွေအတွက် အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိပေမယ့် အဖျားဖြစ်နေတဲ့အခါ ကလေးက မအီမသာခံစားရတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူပြီး ဘာလုပ်ပေးရမှန်းမသိတာမျိုး ဖြစ်နိုင်ပါတယ်။
ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားနာတဲ့အခါ

ကလေးငယ်လေးက ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကနာလို့ငိုတာ၊ အနာရှိန်နဲ့ဖျားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးက ဖျားပြီဆိုရင် အီနေတတ်ပြီး ငိုယိုနေတာဆိုတော့ အဖေအမေနဲ့ ဆွေမျိုးတွေမှာသနားစိတ်နဲ့ စိတ်မချမ်းမသာဖြစ်ရတာပေါ့။

ဘယ်လောက်ဆို ကလေးကဖျားနေပြီလို့ဆိုနိုင်လဲ

ကလေးရဲ့ ကိုယ်အပူချိန်က ၃၇.၅ ဒီဂရီ စင်တီဂရိတ်အထက်ဆိုရင် ကလေးက ဖျားနေပြီလို့ဆိုလို့ရပါတယ်။ အသက်အပိုင်းအခြားအလိုက်ပြောပြရမယ်ဆိုရင်တော့

    ကလေးက ၃ လအောက်ဖြစ်ပြီး ခန္ဓာကိုယ် အပူချိန်က ၃၈ ဒီဂရီ စင်တီဂရိတ် ( ၁၀၁ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၁ ဒီဂရီ ဖာရင်ဟိုက် အထက် ဖြစ်နေမယ်
    ကလေးက ၃ လကနေ ၆လ ကြားအရွယ်ဖြစ်ပြီး အပူချိန်က ၃၉ ဒီဂရီ စင်တီဂရိတ် ( ၁၀၂ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၂ ဒီဂရီ ဖာရင်ဟိုက် နဲ့ အထက် ဖြစ်နေမယ် ဆိုရင်တော့ ကလေးငယ်က ဖျားနေပြီလို့ပြောလို့ရပါတယ်။ ကလေးတွေက ဖျားတဲ့ အခါ မအီမသာဖြစ်ပြီး ဂျီကျတာ၊ မှိန်းနေတာမျိုးတွေလည်းရှိနိုင်ပါတယ်။

ကာကွယ်ဆေးထိုးတာကတော့ မဖြစ်မနေလုပ်ရမယ့်ကိစ္စပါ။ ဒါပေမယ့် ဆေးထိုးအပြီး ကလေးငယ်ဖျားတာ၊ ထိုးထားတဲ့နေရာနီရဲပြီးရောင်နေတာ၊ အီပြီး ငိုနေတာတွေအတွက် သက်သာအောင် ပြုစုပေးလို့ရပါတယ်။

ကလေးကို ကာကွယ်ဆေးထိုးပြီးစမှာ –

  •     ကလေးကိုဆေးထိုးပေးပြီးတဲ့အခါ ဆေးထိုးတဲ့နေရာကို ချေပေးတာမျိုးလုပ်ပေးပါ။ (ခပ်ဖွဖွလေး ချေပေးပါ)
  •     ကလေးကို ကာကွယ်ဆေးထိုးပြီးတဲ့အခါ သက်တောင့်သက်သာလေးထားပေးပါ။
  •     ကလေးကို ချိုသာတဲ့ အသံလေးနဲ့ ချော့မြူပြောဆိုပါ။
  •     ကလေးကို လက်ထဲမှာချီပြီး ထွေးပိုက်ချော့မြူပေးပါ။
  •     ကလေးကို နို့တိုက်တာ၊ နို့ဗူးတိုက်တာမျိုး လုပ်ပေးပါ။
  •     ကလေးဆေးထိုးထားတဲ့နေရာကို ရေခဲကပ်ပေးပါ။

ဒီလိုတွေလုပ်ပေးပေမယ့် ကလေးက အနာရှိန်မသက်သာဘဲ ဖျားနာလာမယ်ဆိုရင် ကလေးကို အဖျားပျောက်ဆေးတစ်ခုခု တိုက်ပေးလို့ရပါတယ်။ ကလေးကငယ်သေးတယ်ဆိုရင် ဆေးရည်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။ စျေးကွက်ထဲမှာရှိတဲ့ ကလေးတွေကို တိုက်ကျွေးနိုင်တဲ့ အဖျားပျောက်ဆေးအရည်တွေအများအပြားရှိပြီး Hello Sayarwon အနေနဲ့တော့ Tylenol (တိုင်လီနော) ဆေးရည်ကို အကြံပြုချင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးဖြစ်တဲ့ နီရဲနာကျင်တာတွေ၊ ကိုယ်လက်နာတာတွေနဲ့ အဖျားတက်တာတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး ကလေးတွေအတွက် အဝင်မဆိုးအောင်ထုတ်လုပ်ထားတာဖြစ်တာကြောင့်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly