အမေရိကန်ရဲ့ ဆန်ရှင်သစ်ဟာ ဘာမှ သက်ရောက်မှု ရှိမှာ မဟုတ်လို့ အီရန် ပြော

အမေရိကန်ရဲ့ ဆန်ရှင်သစ်ဟာ ဘာမှ သက်ရောက်မှု ရှိမှာ မဟုတ်လို့ အီရန် ပြော

တီဟီရန်၊ ဇွန် ၂၄ ။           ။  အမေရိကန်နိုင်ငံက အီရန်အပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင််သစ်တွေ ချမှတ်ဖို့ ပြင်ဆင်နေချိန်မှာ အဲဒီ ဆန်ရှင််တွေက အီရန်အပေါ် ဘာတစ်ခုမှ သက်ရောက်နိုင်လိမ့်မှှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“အမေရိကန်က ခုမှ ဆန်ရှင်တွေ ချမှတ်တာလား။ ကျွန်တော်တို့ နိုင်ငံပေါ် အရင်က ဒါမှ  မဟုတ် ပြီးခဲ့တဲ့ နှစ် ၄၀ မှာ ဆန်ရှင်် မချမှတ်ဘူးလို့လား။ သူတို့ ချမှတ်ခဲ့တဲ့ ဆန်ရှင်တွေကြောင့် ဘာမှ အကျိုးရလဒ် ထွက်ပေါ်လာလို့လဲ။ အီရန်အပေါ်ဘာမှ ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ အီရန်အပေါ် ချမှတ်တာဟာ သူတို့ရဲ့ ၀ါဒဖြန့်မှု သက်သက်ပါပဲ။”လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အဘတ်စ််မော်ဆာဗီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အမေရိကန်ဟာ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီမှုကနေ ပြီးခဲ့တဲ့ နှစ်က နုတ်ထွက်အပြီးမှာ အီရန်နိုင်ငံအပေါ် ဆန််ရှင် ပြန်လည်ချမှတ် ကျင့်သုံးလာတာဖြစ်ပြီး နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေတာ ဖြစ်ပါတယ်။

ဒီလို အခင်းအကျင်းမျိုးမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်ရဲ့ စစ်ဒရုန်းယာဉ်ကို လေပိုင်နက် ကျူးကျော်လာတယ်ဆိုပြီး အီရန်က ပစ်ချခဲ့ပါတယ်။

အမေရိကန်က လေပိုင်နက် မကျူးကျော်ကြောင်း ငြင်းဆန်ပြီး အီရန်ကို လက်တုံ့ပြန်ဖို့ စစ်ပြင်ပြီးမှ သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံးအချိန်မှာ စစ်မိန့်ကို ပြန်ရုပ်သိမ်းခဲ့တာပါ။

ဒီနောက်မှာ အီရန်ကို ပြင်းထန်တဲ့ အဓိက ဆန််ရှင်တွေ ချမှတ်တော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly