ထရမ့်က ကင်ဂျုံးအွန်ထံ ပေးတဲ့ စာက ဆွေးနွေးပွဲတွေအတွက် တွန်းအားဖြစ်စေမယ်လို့ တရုတ် မျှော်လင့်

ထရမ့်က ကင်ဂျုံးအွန်ထံ ပေးတဲ့ စာက ဆွေးနွေးပွဲတွေအတွက် တွန်းအားဖြစ်စေမယ်လို့ တရုတ် မျှော်လင့်

ပေကျင်း၊ ဇွန် ၂၄ ။           ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ထံမှ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ထံသို့ ပေးပို့တဲ့ စာဟာ အပြုသဘော အကျိုးဖြစ်ထွန်းမှု ဆောင်ပြီး နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့ တွန်းအားတစ်ရပ် ဖြစ်စေလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်း ယုံကြည်ထားပါတယ်။ ဆွေးနွေးတာတွေနဲ့ တိုင်ပင်နှီးနှောတာတွေကပဲ ကိုရီးယားကျွန်းဆွယ်ပြဿနာကို ဖြေရှင််းနိုင်မယ့် အခြေခံလမ်းကြောင်းဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ ခေါင်းဆောင်နှှစ်ဦးကြား အပြုသဘောဆောင်တဲ့ ဆက််ဆံမှုကနေ နှစ်နိုင်ငံကြားမှာ အပြန်အလှန်ဆက်ဆံရေး အရှိန်အဟုန်ကို တိုးမြင့်စေမယ်လို့ တရုတ်နိုင်ငံအနေနဲ့ ယုံကြည်ထားပါတယ်။”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်းရှောင်းက ဇွန် ၂၄ ရက်် ပုံမှန်သတင်းစာ ရှင််းလင်းပွဲမှာ ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကိုယ်ကျ ရေးပို့တဲ့ စာတစ်စောင်ကို လက်ခံရပြီး ခေါင်းဆောင် ကင်ဂျုံးအွန်က စဉ်းစားသုံးသပ်လျက် ရှိတယ်လို့ မြောက်ကိုရီးယား KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထရမ့်ဟာ နိုင်ငံရေးအရ အမျှော်အမြင်ရှိပြီး သတ္တိနဲ့ ပြည့်စုံသူဖြစ််တယ်လို့ ကင်ဂျုံးအွန်က ချီးမွှမ်းပြောဆိုကြောင်း၊ စာပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သူအနေနဲ့ အလေးအနက် စဉ်းစားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ KCNA သတင်းဌာနက တင်ပြပါတယ်။

ထရမ့်နဲ့ ကင်ဂျုံးအွန်ကြားမှာ မြောက််ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအတွက် ထိပ်သီးစည်းဝေးပွဲ နှစ်ကြိမ်တိုင် ကျင််းပခဲ့ပေမယ့်် ဒုတိယမြောက် အစည်းအဝေးမှာ တစ်စုံတစ်ရာ သဘောတူညီချက် မရဘဲ ပျက်ပြယ်ခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး တန့်ရပ်နေတဲ့အချိန်မှာ ခုလို ထရမ့်က ကင်ဂျုံးအွန်ထံ စာရေးသား ပေးပို့လာခဲ့တာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly