မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ချစ်ကြည်ရေးတံတားထိုးမဲ့ “Bridging the Naf ”

24 June 2019
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ချစ်ကြည်ရေးတံတားထိုးမဲ့ “Bridging the Naf ”

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက အမျိုးသမီး ဓာတ်ပုံဆရာ ၁၂ ဦး ပူးပေါင်းရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဇွန်လ ၂၂ ရက်နေ့ညက ရန်ကုန်မြို့၊ မြန်မာဒိဋ္ဌပန်းချီပြခန်းမှာ Bridging the Naf အမည်နဲ့ ပြသခဲ့ပါတယ်။

မြန်မာနိုင်ငံက ဓာတ်ပုံဆရာမ ၆ ဦး၊ ဘင်္ဂလားဒေ့ရှ်က ဓာတ်ပုံဆရာမ ၆ ဦး တို့က နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ရိုက်ကူးခဲ့တာ ဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားရောက်ဖို့ ဗီဇာမရတာကြောင့် မြန်မာနိုင်ငံဘက် မှာပဲ ရိုက်ကူးခဲ့ရတာပါ။

သူမ Collective နဲ့ Kaali Collective တို့ ပူးပေါင်းပြသတဲ့ ဒီပြပွဲကို ၂ လ ကြာ ပြသသွားမှာဖြစ်ပြီး အဲဒီ ဓာတ်ပုံတွေ ပါဝင်တဲ့စာအုပ်ကိုတော့ ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်း၊ အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အပါအဝင် နေရာအသီးသီးကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။ 

ရိုက်ကူး၊တည်းဖြတ်-ဖူးအိအိနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly