Michelin Energy XM2+ ကို မလေးရှားတွင် မိတ်ဆက်

24 June 2019
Michelin Energy XM2+ ကို မလေးရှားတွင် မိတ်ဆက်

Michelin ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ Michelin Energy XM2+ မိတ်ဆက်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ဇွန် ၂၀ ရက်က မိတ်ဆက်ခဲ့ပါတယ်။

ဒီ အသစ်မိတ်ဆက်လိုက်တဲ့ ကားတာယာအမျိုးအစားဟာ ရေစိုနေတဲ့လမ်းတွေပေါ်မှာ ဘရိတ်အုပ်တဲ့အခါ လျင်လျင်မြန်မြန်နဲ့ ရုတ်ချည်း ရပ်တန့်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တာယာရဲ့ ပန်းစားနှုန်းကို လျှော့ချပေးပြီး အလယ်အလတ်တန်းစားနဲ့ အခြေခံအဆင့်ကားတွေအထိ တပ်ဆင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်တာလို့ သိရပါတယ်။

ဒီမိတ်ဆက်ပွဲမှာတော့ မတူညီတဲ့ ကားတာယာအမျိုးအစားတွေနဲ့ ရေစိုနေတဲ့လမ်းတွေမှာ ဘရိတ်အုပ် စမ်းသပ်မောင်းနှင်ပြသတာတွေ၊ အကွေ့အဝိုက်တွေမှာ ကားကို ဘယ်လိုထိန်းနိုင်လဲဆိုတာတွေကိုပါ  စမ်းသပ်မောင်းနှင်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီအမျိုးအစားသစ်ကို လာမဲ့ စက်တင်ဘာလမှ စျေးကွက်ထဲ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။

ရိုက်ကူး-အေးချမ်းခိုင်

တည်းဖြတ်-ဝင်းမော်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly